Monday, July 30, 2012

A Dram Kindless အထည်ချုပ် (မင်္ဂလာဒုံမြို့ နယ် ) အလုပ်ရှင်မှ အလုပ်ပြုတ်မှု ခုံသမာဓိကောင်စီမှ ပြန်လည်ဖြေရှင်းပေး

ခုံသမာဓိကောင်စီ အဖွဲ့ ဝင်များဖြစ်သော ဦးရဲနိုင်ဝင်း အလုပ်သမားကိုယ်စားလှယ်
ဦးစိုးညွန့်  အစိုးရကိုယ်စားလှယ် ဦးထွန်းအေး  အလုပ်ရှင်ကိုယ်စားလှယ်  တို့  မှ
မင်္ဂလာဒုံမြို့ နယ် အုပ်ချုပ်ရေးမှုးရုံးမှာ၂၈-၇-၂၀၁၂ တွင်  ပြုလုပ်တဲ့ ကြားနာပွဲ
ကိုယနေ့ ၃၀-၇-၂၀၁၂ တွင် ဆုံးဖြတ်ချက် ထွက်လာပါပြီ။


A Dram Kindless အထည်ချုပ် (မင်္ဂလာဒုံမြို့ နယ် ) အလုပ်၇ှင်မှ အလုပ်သမားအဖွဲ့ ဖွဲ့ 
သည့် အမှုဆောင် (ရ)ဦး နှင့် အဖွဲ့ ဝင် ၂ဦးအား ဇွန်လ ၁၁ရက်နေ့ တွင် အလုပ်မှ ထုတ်
ပစ်သည့်ကိစ္စ အမှုစစ်ဆေးရာ တတိယအဆင့်ခုံသမာဓိကောင်စီ တွင် အလုပ်သမားများ
အတွက် အခွင့်အလမ်း အများအပြားရရှိခဲ့သည်။ဆုံးရှုံးမှု တချို့အတွက် ညှိနှိုင်း အဖြေရှာ
သွားနိုင်ရန် ၀ိုင်းဝန်းဆောင်ရွက်ကြမည်။အဘယ်ကြောင့်ဆိုသော် ခုံသမာဓိ ဒုတိယအဆင့်
တွင်ပင် အလုံးစုံပယ်ချခံရသော်လည်း ခုံသမာဓိကောင်စီ သို့ ရောက်လာသောအခါ အခြေအနေတိုးတက်မှုရှိသည်ကို တွေ့ ရသောကြောင့် လုံးဝမရှိခဲ့တဲ့ အခွင့်အလမ်းများ
ထဲမှ ရသင့်သော်အခွင့်အလမ်းရသည်ဟု သတ်မှတ်ရမှာဖြစ်ပါတယ်။





ယနေ့ ထုတ်ပြန်ပေးတဲ့ ခုံသမာဓိအဖြေက အလုပ်အမှုဆောင်(၇)ဦးအလုပ်သမား၂ဦး အလုပ်ထုတ်ထားတာကို (၇)ဦးပြန်ခန့် မှာဖြစ်ပြီး လက်မခံတော့တဲ့ ပြန်မခန့် တဲ့
 ၂ယောက် အတွက် နစ်နာကြေးအပြည့်အစုံပေးရမယ် လို့ ဆုံးဖြတ်ချက်ချပါတယ် ။
လက်ရှိအခြေအနေ ဒီအဆင့် ဆုံးဖြတ်ပေးတာကောင်းတယ် လို့ ပဲ တော်ပါသေးတယ်လို့ 
ပဲ လက်ခံရမှာဖြစ်ပါတယ် ။လက်မခံတော့တဲ့ ၂ဦးမှာ အလုပ်အမှုဆောင် မှဥက္ကဌ  ဦးကျော်
မင်းထွေး နှင့် အမှုဆောင်ဦးမျိုးသော် တို့ ဖြစ်ပါတယ် ။ပြန်လည် အလုပ်ဝင်ရောက်ခွင့်ရှိသူ
များမှာ -


  1. မသဲစုအေး
  2. ကိုချမ်းငြိမ်းကျော်
  3. မနှင်းယုလှိုင်
  4. မဇင်မာစိုး
  5. မခင်သန္တာဝင်း
  6. ကိုနိုင်လင်းထွန်း
  7. ကိုကျော်ကျော်လင်း  တို့ ဖြစ်သည်။
လက်ရှိအခြေအနေထိ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက် ကို သဘောပေါက်သင့်ပါတယ် ။
အလုပ်ရှင် ဖက်မှသော်လည်းကောင်း အလုပ်သမားဖက်မှသောလည်းကောင်း အမှားကင်း
အောင် သတိနှင့်ဆင်ခြင်နိုင်မည့်လမ်းစဖြစ်သည့် စစ်ဆေးဆုံးဖြတ်မှု ဟုလည်း ကျမယူဆ
ပါသည်။ အလုပ်သမားတွေက တော့ အကုန်မ၀င်ရရင် ဆန္ဒပြခွင့်တောင်းပြီး ဆန္ဒပြမယ်
ပြောတာမို့  ကျမတို့  စနစ်တကျ နားချနေကြပါတယ.်။ လက်ရှိအခြေအနေ မှာ အထူးသတိ
ထားရမှာမို့  ဆန္ဒပြမှုမဖြစ်မနေလုပ်ရမယ်ဆိုတဲ့ အလုပ်သမားတွေရဲ့ဆန္ဒကိုလည်း အကယ်
၍ ဆန္ဒရှိလျှင်တင်ပြပြီးမှ လုပ်ဖို့ ထိမ်းသိမ်းနေကြပါတ.ယ်။ ADK အမှုဆောင်များ နဲ
အခြားသမဂ္ဂများ ညီညွတ်စွာစနစ်တကျ နဲ့ အလုပ်သမားအခွင့်အရေးလမ်းကြောင်းပေါ်မှာ
မသွေဖီရအောင် လုပ်ကြရပါမယ်။


ခုံသမာဓိကောင်စီကြားနာစစ်ဆေးပွဲ သို့  လွတ်လပ်သောအလုပ်သမားသမဂ္ဂများဖြစ်မြောက်
ရေးကော်မတီမှ ဦးရဲလွင်စိုး ။ ဦးထွန်းထွန်းနိုင် ၊ကိုဆိုင်း နှင့် ကျမ မအိရွှေစင်ညွန့် တို့ မှ ကြားနာစစ်ဆေးနေသည့် ကာလတလျောက် အလုပ်သမားထု အား ၀န်းရံရပ်တည်
 ပေးခဲ့ကြပါသည်။


အိရွှေစင်ညွန့် 
အလုပ်သမားရေးဆောင်ရွက်သူ