Thursday, June 7, 2012

ကျူးကျော်တွေကိုတရားစွဲပြီ



၂၀၁၂-၆-၆ စည်သူ (လူထုအော်သံ)
ကျူးကျော်နေထိုင်သူတွေကိုအိုးအိမ်ဦးစီဌာနကတရားလိုလုပ်ပြီးလှိုင်သာယာမြို့နယ် တရားရုံးမှာတရားစွဲဆိုလိုက်ပါတယ်။ လှိုင်သာယာတရားရုံးကတရားသူကြီးဦးသန်းလွင်ကိုယ်တိုင်ကလဲ ကျူးကျော်နေထိုင်တဲ့ သူတွေကိုခင်ဗျားတို့ကိုထောင်ချပစ်မယ်လို့ ပြောဆိုခဲ့တယ်လို့ ကျူးကျော်စရင်းဝင် မစန်းစန်းအေးက
ငိုပြီးပြော ပြပါတယ်။
အခုတရားစွဲဆိုခံထားရတဲ့ သူတွေကတော့ လှိုင်သာယာမြို့နယ် စက်မှုဇုန် ပန်းလှိုင်ဂေါက်ကွင်းရှေ့        က ဒိုင်စုနဲ့ ညောင်ကျေးရွာကအိမ်ခြေ ၃၀၀၀ကျော်ရှိတဲ့ ကျူးကျော်တွေဘဲဖြစ်ပါတယ်။
 
တရားစွဲထားတဲ့ ကျူးကျော်တွေကိုတသုပ်ချင်းစီတရားရုံးကခေါ်ယူစစ်ဆေးပြီးထောင်ချပစ်မယ်လို့သာ      ပြော ဆိုနေကြောင်းတရားခံအဖြစ် သတ်မှတ်ခံထားရတဲ့ ကျူးကျော်တွေကပြောပြပါတယ်။ မေ ၂၉ ရက်နေ့ကစတင်ပြီး အိုအိမ်တာဝန်ရှိ ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးတင်ရဲထွန်းကတရားလိုလုပ်ပြီးအမှုစွဲဆိုလိုက် တာဖြစ်ကြောင်းသိရပါတယ်။ 

ဆင်းရဲသားကျူးကျော်တွေဟာဒီနေရာမှာ ၁၉၉၆ခုနှစ်တည်းကလာရောက်အခြေချနေထိုင်ပြီးဒီကနေ့အထိတအိမ်ထောင်ကို ၅၀၀၀ ၊ ၁၀၀၀၀ နှုန်းနဲ့ အသီးသီးပေးဆောင်နေရကြောင်းသိရပါတယ်။ ဒီကနေ့မှာတော့ တရားရုံးကစီရင်ချက်ချခါနီး ပြည်တွင်း ပြည်ပမှ မီဒီယာတွေ ရောက်လာကြတာကြောင့် ရုံးချိန်းကိုရွှေ့ဆိုင်းခဲ့လိုက်ပါတယ်။

တရားရုံးရဲ့ အဆုံးအဖြတ်ကိုလာရောက်နားထောင်နေရတဲ့ ကျူးကျော်တွေလဲမိမိတို့အိမ်ကို ပြန်နိုင်    ခဲ့ကြပါတယ်။ သူတို့တွေထဲကပထမဦးဆုံးတရားစွဲဆိုခံထားတဲ့ ကျူးကျော် ၄ ဦးကိုတော့ ထောင် ၃ လစီချလိုက်ပြီးလို့ ပြောပြပါတယ်။