Friday, June 8, 2012

ကချင်ဒေသ ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူတိုင်းကို တက်ရောက်ကြဖို့ ဖိတ်ကြား


 ၂၀၁၂-၆-၈
ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့ရဲ့ ၂၀၁၂ ဇွန် ၉ ရက်နေ့တွင် တစ်နှစ်ပြည့်တော့မယ့် တိုက်ပွဲများအကြား ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ ကချင်လူမျိုး
ပေါင်းစုံ ဒုက္ခသည်တွေဟာ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ၈၀၀၀၀ ကျော်ခန့် ရှိနေပါပြီ။ စစ်ဘေးဒုက္ခ   သည် အိမ်ထောင်စုတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေရဲ့နေရာထိုင်ခင်း၊ ကျန်းမားရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အစာအဟာရလိုအပ်ချက်တွေဟာ တစတစ များပြားလာနေပါတယ်။   နေရပ်ရင်း ဒေသရင်းကို စွန့်ခွာ ထွက်ပြေးလာခဲ့ရတဲ့သူတို့အားလုံးဟာ တိုက်ပွဲများလုံးဝအဆုံးသတ်သွား မယ့် ငြိမ်းချမ်းရေးကို မျှော်လင့်ရင်း နေရင်းဒေသကို ပြန်ဖို့ ဒုက္ခသည်စခန်းတွေမှာ စောင့်ဆိုင်းနေကြပါ   တယ်။ ဇွန် ၁၉၊ ဇွန် ၂၂ ၊ဇွန်၂၃၊ ဇွန်၂၄ ရက်နေ့အတွင်း ကချင်ပြည်နယ်မြောက်ပိုင်းတွင်းက စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ မှတ်တမ်းတင်ခဲ့တဲ့ တွေ့မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်ခဲ့တဲ့ အားမာန်၊ စန်းယုကျော်၊ မျိုးမင်းထိုက်၊ ရဲနိုင်မိုး၊ စိုးဝင်းငြိမ်း ဆိုတဲ့ ဂျာနယ်လစ် ၅ဦးက ဓာတ်ပုံပြပွဲတခုကို တစ်နှစ်ပြည့် မယ့် ဇွန်လ ၉ရက်နေ့ကနေ ဇွန်လ ၁၁ရက်နေ့အထိ တော်ဝင်နှင်းဆီ၊ သီရိခန်းမမှာ နေ့စဉ် နံနက် ၉နာရီမှ ညနေ၅ နာရီအထိ ပြသပါမယ်။ ပြပွဲမှာဓာတ်ပုံတွေ၊ တီရှပ်တွေ၊ ပို့စကဒ်တွေ၊ အမှတ်တရပစ္စည်းတွေ
ရောင်း ချပြီး ရရှိတဲ့အလှူငွေတွေကို စစ်ဘေးဒုက္ခသည်စခန်းတွေကို ပေးပို့လှူဒါန်းပါမယ်။ နေ့စဉ်      နေ့လည် ၂နာရီကနေ ၅နာရီအတွင်း ငြိမ်းချမ်းရေးကဗျာတွေ ရွတ်ဆိုပွဲလည်း ကျင်းပမယ်ဆိုတာ     အသိရင်း ငြိမ်းချမ်းရေးကိုလိုလားသူတိုင်း၊ ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသူတိုင်းကို တက်ရောက်ကြဖို့ ဖိတ်ကြားလိုက်ပါတယ်။