Thursday, June 14, 2012

မြန်မာ့ဒီမိုကရေစီအရေး အရှိန်အဟုန်ဖြင့် မြင့်တက်လာဖွယ်ရှိ

 ၂၀၁၂-၆-၁၄
မြန်မာ့ဒီမိုကရေစီအရေးသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာနေပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမား
ညီလာခံသို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်လျှက်ရှိသည်။ နိုင်ငံတကာကို
မြန်မာ့ဒီမိုကရေစီအရေးနှင့် ပါတ်သက်ပြီး ၀ိုင်းဝန်းကူညီကြရန်  မိန့် ခွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအလုပ်သမားအရေးတွင် အလုပ်သမားရော အလုပ်ရှင်များပါ ဥပဒေအရ အလုပ်သမားများ
၏ အခွင့်အရေးရရှိရေးနှင့် မြန်မာနိုင်ငံ ဖွံ့ ဖြိုးတိုးတက်ရေး အကျိုးကိုပါရှေ့ ရှု့ ၍ ကူညီဆောင်
ရွက်ရန် တိုက်တွန်းခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကို အထောက်
အပံ့  ဖြစ်စေရမယ်လို့ ပြောကြားခဲ့ပါတယ်။ လူထုခေါင်းဆောင်၏ အမျှော်အမြင်ကြီးမားလှသော   နိုင်ငံတကာနှင့်ရင်းနှီးဆက်ဆံမှုများက ရင်းနှီးမြုတ်နှံမှုများကို အခြေခံသော မြန်မာနိုင်ငံ၏ အနာဂတ်ကာလကို ဒီမိုကရေစီအရင်းအမြစ်များ တိုးပွားလာစေရေးကို အလေးထားဆောင်ရွက်နေ  သည်မှာ ထင်ရှားနေသည်။မြန်မာ့ဒီမိုကရေစီအရေးနှင့် စီပွားရေးဖွံ့ ဖြိုးတိုးတက်မှု တဆက်ထဲရရှိစေရန် ဒီမိုကရေစီအင်အားကြီးနိုင်ငံများနှင့် လက်တွဲဆောင်ရွက်ပြီး နိုင်ငံတကာ၏ နည်းပညာများရရှိအောင် ကြိုးစားဆောင်ရွက်လျှက်ရှိသည်။