Friday, June 15, 2012

ရှောင်တခင် လယ်သမားကြီးများ

2012-6-15 စည်သူ (လူထုအော်သံ)
တောင်သူလယ်သမားတွေနဲ့ ကုမ္ပဏီတွေ အကျိုးတူပူးပေါင်း လုပ်ကိုင်ဖို့ ၂၀၀၈ ခုနှစ်က လက်ရှိ       သမ္မတ ဦးသိန်းစိန် ၀န်ကြီးချုပ်ဖြစ်နေတဲ့ အချိန်က သူကိုယ်တိုင် လယ်သမားတွေနဲ့ တွေ့ဆုံပြီး   ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အကျိုးတူပူးပေါင်း လုပ်ကိုင်ရာမှာ ကုမ္ပဏီတွေဘက် မျိုးကောင်းမျိုးသန့်တွေပေးဖို့ ၊ မြေသြဇာတွေ      ပေးဖို့ ၊ ငွေအရင်းအနှီးတွေကို အတိုးမယူဖို့ လယ်သမားတွေကို နိုင်ထက်စီးနင်း မလုပ်ဖို့ စတဲ့အချက်တွေပါပြီး လယ်သမားတွေကိုလဲ မင်းတို့လယ်တွေကို မသိမ်းတော့ဘူးလို့  ဦးသိန်းစိန် ကိုယ်တိုင် ပြောခဲ့ကြောင်း သိရပါတယ်။
အဲဒီလိုပြောပြီး သိမ်မကြာလိုက်ပါဘူး။ ဆင်းရွှေလီကုမ္ပဏီ ၊ ယုဇနကုမ္ပဏီ ၊ ထူးကုမ္ပဏီ ၊ ဦးပိုင် ကုမ္ပဏီ( မြ၀တီစိုက်ပျိုးရေး ) နဲ့ဒဂုန်အင်တာနေရှင်နယ် ကုမ္ပဏီတွေက လယ်သမားတွေရဲ့        တဲတွေကို ဖျက်ပြီး ပြောင်းရွှေ့ခ ၂၀၀၀၀ စီပေးပြီး ပြောင်းခိုင်းလိုက်ပါတော့တယ်။
ဘာအကျိုးတူ မှမလုပ်လိုက်ရဘဲ လယ်မလုပ်ရတာ ၄ နှစ်ရှိသွားပြီလို့ လယ်သမားတွေက ပြောပြ     ပါတယ်။ လယ်ဧက ၂၇၇၁ သိမ်းခံလိုက်ရပြီး ဒဂုန်မြို့သစ် အရှေ့ပိုင်းမှာရှိတဲ့ တောင်တလုတ်ရွာ ၊ စစ်ပင်ကွင်းရွာ ၊ သုံးခွ ၊ ရွာသာကြီး စတဲ့ ရွာ ၅ရွာက လယ်သမားတွေ ပိုင်တဲ့ လယ်မြေတွေပါ။
လယ်သမားတွေကို လယ်မသိမ်းတော့ဘူးလို့ သမ္မတကိုယ်တိုင်ပြောခဲ့ပေမယ့် ကုမ္ပဏီက အခုလို သိမ်းယူသွားတာကို မခံမရပ်နိုင်တော့လို့ ဒီနှစ်မိုးတွင်း မှာ လယ်သမားတွေ အားလုံး မိမိတို့ လယ်ထဲ         ကို ဆင်းပြီး ထွန်ယက်နေကြပါပြီ။