Tuesday, June 12, 2012

"ရခိုင်၊ရှမ်းနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုကိုကြီးတို့က အကြမ်းဖက်မှုအမြန်ဆုံးငြိမ်းချမ်းရန်တောင်းဆို"



၂၀၁၂-၆-၁၂
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုများနှင့်ပတ်သက်ပြီး ယနေ့ ဇွန်၁၁ ရက်နေ့ ညနေ
 ၄ နာရီတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကဦးစီးကာ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ ရခိုင်သားကြီးစာပေမှ ဦီးလှမြင့်၊ ရှ်မ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် ၈၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုကိုကြီးတို့ တက်ရောက်ခဲ့ပြီး ဖြစ်ပျက်နေသော ဆူပူအကြမ်းဖက်မှုများ အမြန်ဆုံး ငြိမ်းချမ်းရန် တောင်းဆိုမှုပြုလုပ်ခဲ့သည်။
"ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အနောက်တံခါးကြီး ကျိုးပျက်ပြိုလဲသွားပါပြီ" ဟု 
ရခိုင်သားကြီး စာပေမှ ဦးလှမြင့်က ပြောသည်။

ထို့အပြင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ သဘောထားကြောငြာချက်တစ်ရပ် ထုတ့်ပြန်ခဲ့   သလို ယနေ့ဇွန်လ ၁၁ ရက် နေ့လည် ၂နာရီခွဲက ရရှိသော သတင်းအရရခိုင်ပြည်နယ်အတွင်း     ဒုက္ခသည် ၁၆၉၇၄ ဦး ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။