Saturday, May 19, 2012

RCSS/SSA မှ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် မူးရစ်ဆေးဝါး ပပျောက်ရေး ဆွေးနွေး


ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ဒုတိယ ဥက္ကဌ ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ၊ဒုတိယ
ရှေ့ နေချုပ် ဦးထွန်းထွန်းဦး ၊ ဗိုလ်ချုပ် သန်းထွန်းဦး၊ ဗိုလ်ချုပ် စိုးထွဋ်၊ ဦးသန်းဌေး၊ ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ၊ ဦးခင်မောင်စိုး၊ ဗိုလ်မှူးကြီးအောင်
သူ နှင့် ဗိုလ်မှူးကြီး ကျော်စိုးဝင်းတို့ နှင့်  ရှမ်းပြည် ပြန်လည်တည်ဆောက်ရေးကော်မတီ RCSS/SSA
 မှ ဥက္ကဌ ဒုတိယ  ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ဝင်
 (၂၃) ဦး သည် ယနေ့  နံနက် ၉ နာရီတွင် ကျိုင်းတုံမြိုရှိ တြိဂံတိုင်း စစ်ဌာနချုပ်ရှိ ရွှေတြိဂံဧည့်ရိပ်သာ အစည်း အဝေးခန်းမတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့  အဖြစ်ထပ်မံဆွေးနွေး  ခဲ့ကြောင်း
သိရသည်။

ယင်းသို့ ဆွေနွေးခဲ့ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီမှ ကာကွယ်
ရေး ဦးစီးချုပ်(ကြည်း)  ဗိုလ်ချုပ်ကြီးစိုးဝင်းက  ကျွန်တော်တို့ လုပ်ငန်းကော်မတီရဲ့ထာဝရငြိမ်းချမ်းရေး လုပ်ဆောင်ရွက်ချက်တိုင်းဟာ လမ်းပြ မြေပုံသုံးရပ် ၊ လုပ်ငန်းစဉ်(၈) ရပ်၊ပြည်ထောင်စု အစိုးရရဲ့ သဘောထား နှင့် တပ်မတော်ရပ်တည်ချက် အတွင်းက သွားနေမှာ ဖြစ်ပါတယ် ဟု ထည့်သွင်း   ဆွေးနွေးသွားခဲ့သည်။