ဂျပန်ဘုရင်အကီဟီတိုသည် အင်္ဂလန်နိုင်ငံ ဘုရင်မကြီး နန်းတက်ခဲ့ချိန်မှ ယ္ခုအချိန်အထိ အနှစ် ၆၀ပြည့်
အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကို နိုင်ငံတကာရှိ ဘုရင်ခံများအားဖိတ်ကြားခဲ့ရာ ဂျပန်နိုင်ငံမှ
ဘုရင်နှင့်မိဖုရား ဇနီးမောင်နှံတို့ တက်ရောက်ခဲ့ပြီး ၁၈ရက်နေ့ လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ရာ တက်
ရောက်ခဲ့သည်။
ထိုနောက် လန်ဒန်မြို့ ရှိ Windsor Castle နန်းတော်ရဲတိုက်တွင် နိုင်ငံတကာ နိုင်ငံပေါင်း ၃၀မှ
တက်ရောက်လာသော ဘုရင်ကြီးများနှင့် အယ်လစ်စဘက် (Queen Elizabeth) ဘုရင်မကြီးက စုံညီမိတ်သင်္ဂဟများအား ရင်းနှီးခင်မင်စွာ တွေ့ ဆုံနှုတ်ဆက်ခဲ့ပြီး အထိမ်းအမှတ် မင်္ဂလာအခမ်းအနား ကိုဖွင့်လှစ်ခဲ့သည်။
အယ်လစ်စဘက် (Queen Elizabeth) ဘုရင်မကြီးသည် အသက် ၈၆ နှစ်ရှိပြီး နေ့ လည်စာစားပွဲကို
သာမှန်စားပွဲပုံစံ အ၀တ်အစားဖြင့်တက်ရောက်လာပြီး ဂျပန်ဘုရင်ကြီးက အပြာရင့်ရောင် ကုပ်အကျီ င်္
(dark blue suit)နှင့် မိဖုရားကြီးက ကီမိုနို (kimono) ဂျပန်ရိုးရာဝတ်စုံဖြင့်တက်ရောက်ခဲ့သည်။
ချားလ် အိမ်ရှေ့ မင်းသား(Prince Charles)ဇနီးမောင်နှံ၏ ညစာစားပွဲကို ဘတ်ကင်ဟမ် နန်းတော် (Buckingham Palace )တွင် တည်ခင်းဧည့်ခံခဲ့ရာ ဂျပန်ဘုရင်နှင့်မိဖုရား တက်ရောက်ခဲ့သည်။
ဂျပန်ဘုရင်ကြီးသည် အိမ်ရှေ့ မင်းသားအနေဖြင့် အယ်လစ်စဘက် (Queen Elizabeth) ဘုရင်မကြီး
နန်တက်ပွဲသို့  တက်ရောက်ခဲ့ဖူးသူဖြစ်ပြီး ယ္ခု နန်စံပွဲ အနှစ် ၆၀ ပြည့်အခမ်းအနားတွင် ၁၉၅၃ ခုနှစ်
အယ်လစ်စဘက် ဘုရင်မကြီးနန်တက်ပွဲတွင် အတူတက်ဖူးသူ ဘလ်ဂျီယံ (Belgium) အလ်ဘတ် (Albert)အိမ်ရှေ့ မင်းသား လည်းတက်ရောက်လာခဲ့သည်။