ဆန္ဒပြသူတွေကို ကျွေးဖို့  ထမင်းဟင်းများ
သယ်ဆောင်လာတဲ့ယာဉ်ကို
တားဆီးနှောက်ယှက်
ခြင်းခံ ရပါတယ်။
ထရိတ်ဒါးဟိုတယ်မှာဖွင့်လှစ်ထားတဲ့ ILO ရုံးကို သွားရောက်အကူအညီတောင်းတဲ့အခါ စက်ရုံ အလုပ်သမားတွေရဲ့  ဆန္ဒပြမှုဟာ ဥပဒေနဲ့ မညီလို့  သူတို့ နေနဲ့  ကြားဝင်ဖြေရှင်းပေးဖို့ မဖြစ်နိုင်ဘူး
ထရိတ်ဒါးဟိုတယ်မှာဖွင့်လှစ်ထားတဲ့ ILO ရုံးကို သွားရောက်အကူအညီတောင်းတဲ့အခါ စက်ရုံ အလုပ်သမားတွေရဲ့  ဆန္ဒပြမှုဟာ ဥပဒေနဲ့ မညီလို့  သူတို့ နေနဲ့  ကြားဝင်ဖြေရှင်းပေးဖို့ မဖြစ်နိုင်ဘူး
"သူ့ အသက်က တစ်နှစ်ခွဲပါရှင့်၊ကျမတို့ကဟင်္သာတကပါ သူ့အဖေက ဒီတောင်းဆိုနေတဲ့အထဲမှာ ပါပါတယ်။သူ့အဖေက နှစ်ဆယ်ဝန်းကျင်ပါ၊ ဟုတ်ကဲ့
နယ်ကလူတွေလည်းပါပါတယ်၊ မကွေး ဘက်ကလာလုပ်တာပါ။ ယောဘက်ကလည်းပါတယ်၊ နာဂစ်ဒေသကလူတွေလည်း
ဒီစက်ရုံမှာ လုပ်ပါတယ်၊ နေတော့ဒီစက်ရုံနားမှာ တဲထိုးပြီးနေပါတယ်။"
(ဆန္ဒပြအလုပ်သမားတစ်ယောက်ရဲ့ ဇနီးဖြစ်ပါတယ် ) အခြေခံလစာ တစ်လမှာ
လေးထောင့်ရှစ်ရာသာရတဲ့အလုပ်သမားတွေ (၄၈၀၀ကျပ် တစ်နေ့ ၈နာရီ တစ်နာရီ ၂၀ ကျပ်ပါ)
အယောက် ၅၀ ငါးဆယ်လောက်ရှိပါတယ် အခုဆန္ဒပြနေတာက အလုပ်သမား ၅၀၀ ကျော်ပါ စက်ရုံက
စုစုပေါင်း ၈၀၀ လောက်ရှိပါတယ်။ တချို့ အနည်းစုက သိန်းကျော်ရပါတယ်။ အဒီလူတွေလည်း
ပူးပေါင်းပါဝင် တောင်းဆိုနေပါတယ်။ အခုဆိုရင် အစာ ငတ်ခံဆန္ဒပြနေတာက
သုံးရက်မြောက်နေ့ပါ အယောက်၂၅ ဦး လောက်ရှိပါတယ်။ ဒီမနက်ပဲအစာအိမ်
ရောဂါဝေဒနာရှင်တစ်ယောက် ဆေးရုံတင်ရပါတယ်။ နောက်ဝမ်းကိုက်လို့ဆိုပြီး တစ်ယောက်
ဆေးခန်းကိုသွားနေရပါတယ်။
.... မှော်ဘီ မြောင်းတကာစက်မှုဇုံ YANGON CROWN သံရည်ကျိုစက်ရုံ ဆန္ဒပြတောင်းဆိုမှု ရှစ်ရက် မြောက်နေ့ အခြေအနေ (၂၇-၅-၂၀၁၂ တနင်္ဂနွေ နေ့လည် ၁ နာရီ)
.... မှော်ဘီ မြောင်းတကာစက်မှုဇုံ YANGON CROWN သံရည်ကျိုစက်ရုံ ဆန္ဒပြတောင်းဆိုမှု ရှစ်ရက် မြောက်နေ့ အခြေအနေ (၂၇-၅-၂၀၁၂ တနင်္ဂနွေ နေ့လည် ၁ နာရီ)
