Monday, May 28, 2012

ကျောက်မျက်ဈေးသူဈေးသားများ ဆန္ဒဖော်ထုတ်


မန္တလေး မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်မျက်ဈေး)မှာ
 ဒီနေ့ (၂၈-၅-၂၀၁၂) မနက် ၁၁ နာရီဝန်းကျင်က ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်ပွဲ   ပြုလုပ်ပါတယ်။ ဈေးသူဈေးသားများသဘောမတူတဲ့ ကျောက်မျက်ဈေးလူဝင်ခွင့်ကဒ်မလုပ်ဖို့ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။ မဟာအောင်မြေ ကျောက်မျက်ရတနာဈေး ပရဟိတလူမှုစီးပွား
ကူညီရေးကော်မတီ(ယာယီ)က ဒီကနေ့ မနက် ၁၀း၃၀ နာရီမှာ စာနယ်ဇင်းများနဲ့တွေ့ဆုံဖို့ ဖိတ်ကြား ခဲ့ပေမယ့် ကျောက်မျက်ဈေးတာဝန်ရှိသူများက တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။ ကျောက်မျက်ဈေးပြင်ပမှာ
 တွေ့ဖို့လုပ်ပေမယ့်လည်း ထပ်မံတားမြစ်ခြင်းခံရပါတယ်။ နောက်ဆုံးမှာ ကျောက်မျက်ဈေးနဲ့အလှမ်း
အနဲငယ်ဝေးတဲ့ လက်ဖက်ရည်မှာပဲ စာနယ်ဇင်းအချို့နဲ့သာ တွေ့ခွင့်ရခဲ့ကြပါတယ်။DVB