Tuesday, May 29, 2012

မြန်မာနိုင်ငံကို အိန္ဒိယအစိုးရ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ချေးမည်

ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး
တိုးတက်ရေး နှစ်နိုင်ငံရင်းနှီးမြုတ်နှံမှုများ စသည့် အခန်းကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် အိန္ဒိယက မြန်မာနိုင်ငံ သို့ သက်သာသော ချေးငွေအဖြစ် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ထုတ်ချေး မည် ဖြစ်ကြောင်း    မြန်မာနိုင်ငံတော် သမ္မတရုံးမှ ယနေ့ ထုတ်ပြန်လိုက်သော မြန်မာ - အိန္ဒိယ
 နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ပါရှိသည်။


 မြန်မာနိုင်ငံ၏ ရပ်တည်မှုသည် ထုံးထမ်းအစဉ်အလာအရ တိုင်းတပါးမှချေးငွေများအပေါ်တွင် အားကိုး
နေပြီး ရရှိသမျှချေးငွေများသည်လည်း သဲထဲရေသွန် ဖြစ်ခဲ့ရသည်။ချေးငွေများကိုလည်း တာဝန်ယူမှု
အားနည်းပြီး နောက်ဆုံးနိုင်ငံတကာမှ လျောပေးရသည့်အဖြစ်များနှင့်ကြုံနေရကာ တိုင်းပြည်၏ ဂုဏ်
သိက္ခာလည်း ထိခိုက်နစ်နာသည့်အပြင် နိုင်ငံတကာ၏ယုံကြည်မှုကင်းမဲ့စေသည်။ 

တိုင်းပြည်ဖွင့်ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံတွင်ပါဝင်ပြီး အဆင်းရဲဆုံးနိုင်ငံတွင်းမှလည်း ရုံးထွက်၍မရ
နိုင်သေးပေ။နှစ်ပေါင်း၅၀ ကျော်ခဲ့ပြီဖြစ်သော ဗဟိုဦးစီးစနစ်ဖြင့်စစ်တပ်မှ နိုင်ငံရေးတွင်ပါဝင်နေသော
ကြောင့် နိုင်ငံရေး စီးပွားရေး ပညာရေး လူမှုရေး ကျမ်းမာရေး စသည့်လုပ်ငန်းများတွင် ကျွမ်းကျင် ပညာရှင်များအားနည်းနေခြင်းသည် စနစ်တခုကြောင့်ဖြစ်သည်။ 

ဒီမိုကရေစီစနစ်၏ အခြေခံဖြစ်သော ပြည်သူအင်အားဖြင့်အုပ်ချုပ်သည့် စနစ်မျိုးနှင့်ပြည်သူ့ သဘော  ထားများကို လေးစားသည့်အစိုးရ  ဥပဒေစိုးမိုးမှု အားကောင်းလာမှသာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်
မှုနှုန်းမြင့်တက်လာမည်ဖြစ်သောကြောင့် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာလည့်ချီးသော
 ရှေးဟောင်း  စနစ်ပုံစံကိုပြောင်းပြီး ပြည်သူ့ အင်အားဖြင့် တိုင်းပြည်အားကောင်းလာစေရန် လွတ်လပ်
၍ တရားမျှတသည့် စီးပွားရေး တံခါးဖွင့်ဝါဒနှင့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေး  လူ့ အခွင့်  အရေးများကို အလေးထားဆောင်ရွက်သောအစိုးရ ဖြစ်လာမှသာလျှင် တိုင်းပြည်ဖွင့်ဖြိုးတိုးတက်လာ  မည်ဖြစ်သည်ဟု ယုံကြည်မိသည်။