မြန်မာနိုင်ငံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (NLD)သည် ၂၄ နှစ်ကြာနိုင်ငံခြားတွက်ရန် အခက်အခဲရှိခဲ့ပြီး
မေလ ၂၉ ရက်နေ့ တွင် ထိုင်းနိုင်ငံသို့ အလည်အပါတ်ထွက်ခွာမည်ဖြစ်သည်။
၆ လ အလယ်ပိုင်းတွင်
အနောက်နိုင်ငံများသို့  ခရီးထွက်ရန်ပြင်ဆင်ထားကာ မိမိ၏လွတ်လပ်မှုကို ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်
နိုင်ငံတကာဆက်ဆံရေးကို မြှင့်တင်ဆောင်ရွက်ရန်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ ရက်နေ့ ညနေတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့  ထွက်ခွာ လာမည်ဖြစ်ပြီး ၃၀ ရက်နေ့ တွင် ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ ဖွင့်လှစ်ပွဲသို့ တက်ရောက်ကာ အရှေ့  တောင် အာရှမှ အစည်းအဝေး အစီင်္စဉ်တွင် မိန့် ခွန်းပြောကြားမည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လက် နှင့်လည်း ဆွေးနွေးမည့် အစီအစဉ်ရှိ သည်ဟု သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၂၉ ရက်နေ့ ညနေတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့  ထွက်ခွာ လာမည်ဖြစ်ပြီး ၃၀ ရက်နေ့ တွင် ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ ဖွင့်လှစ်ပွဲသို့ တက်ရောက်ကာ အရှေ့  တောင် အာရှမှ အစည်းအဝေး အစီင်္စဉ်တွင် မိန့် ခွန်းပြောကြားမည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ယင်လက် နှင့်လည်း ဆွေးနွေးမည့် အစီအစဉ်ရှိ သည်ဟု သိရှိရသည်။
မြန်မာနယ်စပ်
ဒုက္ခသည်များနေထိုင်ရာသို့  သွားရောက်ကြည့်ရှုမည့် သတင်းများထွက်ပေါ်နေပြီး NLD ပြောရေးဆိုခွင့်ရှိသူ၏
အဆိုအရ ထိုင်းနိုင်ငံသို့  ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေစဉ်အတွင်း
မြန်မာနယ်စပ်ရှိ
ဒုက္ခသည်များအား ဆက်လက်အကူအညီပေးရန် နိုင်ငံတကာလူမှုအဖွဲ့ အစည်းများကို တိုက်တွန်း ပြောဆိုမည်ဟု
သိရှိရသည်။ ထိုင်နိုင်ငံတွင် နိုင်ငံရေးခိုလုံနေကြသော ဂျာနယ်လစ်များက ဒေါ်အောင်ဆန်းစုကြည်လာရောက်မှုကို ကြိုဆိုသည်ဟုဆိုသည်။
လာမည့် ၆
လပိုင်း ၁၄ ရက်နေ့ တွင် ဆွီဇလန်နိုင်ငံ ဂျာနီဗာမြို့ သို့  ခရီးထွက်ခွာမည်ဖြစ်ပြီး
နိုင်ငံတကာ အလုပ်သမား အဖွဲ့ ချုပ် (ILO) မျက်နှာဆုံညီအစည်းအဝေးသို့ တက်ရောက်ကာ မိန်
့ခွန်းပြောကြား မည်ဖြစ်ပြီး ၁၆ ရက်နေ့ တွင် နော်ဝေးနိုင်ငံသို့ သွားရောက်ကာ အော်စလိုမြို
့တွင် ၁၉၉၁ နှစ်မှရရှိ ထားသော နိုဘလ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူမည်ဖြစ်ပြီး မိန်
့ခွန်းပြောကြားမည်။၁၉၉၁ ခုနှစ် ဆုရရှိ စဉ်တွင် ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ်အကျယ်ချုပ်ကျခံနေရသောကြောင့်
ခင်ပွန်းနှင့်သား ၂ ဦး မှ တက်ရောက်ကာ ကျေးဇူးတင် စကားပြောကြားခဲ့သည်။
ဇွန်လ ၂၀ ရက်နေ
့တွင် အင်္ဂလန်နိုင်ငံ အော့စဖိုဒ် မိခင်တက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ဘွဲ့  ပေးအပ်ခြင်း ခံရမည်ဖြစ်ပြီး
နောက်တနေ့ တွေ့ ဆုံပွဲတွင် မိန့် ခွန်းပြောကြားမည်ဖြစ်သည်။၁၈ ရက်နေ့ တွင် ဗြိတိသျှ ပါလီမန်တွင် မိန့် ခွန်း ပြောကြားမည်။ နော်ဝေးမှအင်္ဂလန်အလာ ကြားရက်တွင်
အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ သို့ ဝင်ရောက် ကာ
ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်း များစွာ ထောက်ခံအားပေးခဲ့သူ နာမည်ကျော် U2 ရော့ခ် တေးဂီတအဖွဲ
့ အဆိုတော် ဘိုနို နှင့်တွေ့ ဆုံပြီး အဆိုတော် ဘိုနို၏ အထူးဖျော်ဖြေပွဲကို စီစဉ်လျက်ရှိ သည်ဟု
သိရသည်။
