မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး စီးပွားရေးပိတ်
ဆို့ မှု ပြန်လည်ဖွင့်ပေးရန်အပါအ၀င် အကူအညီတွေ တောင်ခံဖို့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ၀ါရှင်တန်ဒီစီမှာ တွေ့ဆုံပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲလုပ်ဖို့လည်း စီစဉ်ထားပါတယ်။
နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးတဦးရဲ့ ပထမဆုံး တရားဝင် အမေရိကန် ပြည်ထောင်စု ခရီးစဉ်မှာ အမေရိကန် မြန်မာဆက်ဆံရေး တိုးတက် ကောင်းမွန်အောင်မြန်မာအစိုးရ
အနေနဲ့  ကြိုးစားနေတာဖြစ်ပြီး ဒီခရီးစဉ်ကနေ ထူးခြားမှုတွေ ရရှိနိုင်မယ်လို့  နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မျှော်လင့်ခဲ့ပါတယ်။
မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့  အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်
တန် တို့ ဝါရှင်တန် ဒီစီမှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ကလင်တန်က ဆန်ရှင် ဒဏ်ခတ် ပိတ်ဆို့ မှုတွေ ယာယီ ဖွင့်ပေးတာကို ကြေညာ ခဲ့ပါတယ်။
သတ္တုတူးဖော်တဲ့ ကုမ္ပဏီတွေ၊ စွမ်းအင် ကုမ္ပဏီတွေနဲ ဘဏ်ဌာရေး ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေ အားလုံး မြန်မာ နိုင်ငံမှာ စီးပွားရေး ခွင်သစ် ရှာနိုင်ကြတော့မှာ ဖြစ်ပေမယ့် လက်နက် ရောင်းချမှုကို
တော့ ဆက်ပိတ်ထားဆဲ ဖြစ်ပါတယ်လို့ သိရပါတယ်။