Friday, May 18, 2012

ဂရိနိုင်ငံမှာ ရွေးကောက်ပွဲပြန်လုပ်မည်


ဂရိနိုင်ငံမှာ ရွေးကောက်ပွဲပြန်လုပ်ရမယ့် ကိန်းဆိုက်နေခြိုးခြံချွေတာရေးနဲ့ပတ်သက်ပြီး ပါတီတွေ    အကြား သဘောထား အကြီးအကျယ်ကွဲလွဲမှုများဖြစ်ခဲ့သည်။
ဂရိနိုင်ငံမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ကြိုးပမ်းချက်တွေ မအောင်မမြင် ဖြစ်ခဲ့တဲ့ အတွက် တိုင်းပြည်ဟာ နောက်ထပ် ရွေးကောက်ပွဲ အသစ် ထပ်လုပ်ရမယ့် ကိန်းဆိုက်နေပြီ ဖြစ်ပါတယ်။
ပြီးခဲတဲ့ အပတ်ကမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ ပေမယ့်လို့ မရေရာမှုတွေ ဖြစ်နေခဲ့တာကြောင့်    ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ကြိုးပမ်းမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပါတီတွေအကြား အဓိက ကွဲလွဲချက်ကတော့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ကြွေးမြီ အကျပ်အတည်း အတွက် ယူရိုဇုန်ကနေ ကူညီငွေရယူပြီးတင်းကျပ်တဲ့ ခြိုးခြံ ချွေတာရေး အစီအစဉ် ချမှတ်ကျင့်သုံးရေး ဆိုတဲ့အချက် ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အသစ်ထပ်ကျင်းပဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ကြိုတင်စစ်တမ်းတွေအရ ခြိုးခြံရေးကို ဆန့်ကျင်တဲ့ ပါတီတွေဟာ ထပ်မံအနိုင်ရမယ့် ပုံမျိုးရှိနေပါတယ်။
တကယ်လို့ ခြိုးခြံချွေတာရေးကို ပယ်ချခဲ့မယ် ဆိုရင်တော့ ယူရိုဇုန်ကနေ ဂရိနိုင်ငံ ထွက်ခွာရ မယ့် အခြေအနေ ရှိတယ်ဆိုတဲ့ သတိပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။