Saturday, May 19, 2012

အလုပ်သမားဖြေရှင်းရေး အခြေခံအဆင့် ပညာပေးလုပ်


အလုပ်သမား အငြင်ပွားမှုဖြေရှင်းရေး ဥပဒေအရ အခြေခံအဆင့်ဖြစ်သည့် စက်ရုံအဆင့်ဖြေရှင်း ညှိနှိုင်း

ရေး အဖွဲ့များပေါ်ပေါက်မှ ဖြေရှင်း ညှိနှိုင်းရေး ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို လုပ်ကိုင်နိုင် မည်ဖြစ် သည့်အတွက် စက်ရုံအဆင့် အလုပ်သမားများအသိပညာရရှိစေရေး ဆွေးနွေးပွဲများအား တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ပြုလုပ်ပေးလျှက်ရှိကြောင်း အလုပ် သမားဝန်းကြီဌာန ဒုညွှန်ချုပ် ဦးသက်နိုင်ဦးက   မေလ ၁၉ ရက်က ရွှေပြည်သာ စက်မှုဇုန် ၌ပြုလုပ်သော ဆွေးနွေးပွဲတွင်ပြောကြားသည်
“ အခြေခံအဆင့် အဖွဲ့အစည်းတွေပေါ်ပေါက်မှ ညှိနှိုင်းဖြေရှင်းရေး ဥပဒေ အတိုင်း ဆောင်ရွက်လို့ ရ မှာ ဖြစ်တဲ့အတွက် ဆွေးနွေးပွဲတွေကို စက်ရုံ အဆင့်ကစပြီး အဆင့်လိုက် တစ်နိုင်ငံလုံးပြုလုပ်ပေးနေတာပါ”” ဟု ၄င်းကပြောသည်။ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းညှိနှိုင်းရေး ကော်မတီ တစ်ရပ်ပေါ်ပေါက်ရန် သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးမှ ကိုယ်စားလှယ် များပါဝင်ရမည်ဖြစ်  သည့်အတွက် ယင်း၏အခြေခံအဆင့်ဖြစ်သည့် စက်ရုံ အဆင့် မှ စတင်၍ မဖွဲ့စည်းနိုင်လျှင် အခြားသောအဆင့်များလည်း ဖွဲ့စည်းနိုင် မည်မဟုတ်ကြောင်း ၊ ယင်းသို့ဖွဲ့ စည်းနိုင်မှ အလုပ်သမား အရေးကိစ္စမျာကို အဆင့်လိုက်ဖြေရှင်း ညှိနှိုင်းသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆွေးနွေးပွဲတွေလုပ်နေပါတယ်။ တနင်္သာရီ၊ ကချင်၊ရှမ်း ၃နေရာပဲ ကျန်ပါတော့တယ်”ဟု ဦးသက်နိုင်ဦး ကပြောသည်။