Tuesday, May 22, 2012

စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုရှိမှ ရရှိနိုင်မည်



မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက တတ်နိုင်သမျှ ၀ိုင်းဝန်းပံ့ပိုး ကူညီသွားကြမှာဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက စနေနေ့က ပြောလိုက်ပါ
တယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေဟာ စစ်မှန်တဲ့ဒီမိုကရေစီစံနှုန်းတွေ ဖြစ်စေဖို့    ပြည်သူတွေကလဲ တက်ညီလက်ညီ အားကျိုးမာန်တက် စနစ်တခုရဲ့ အပြောင်းအလဲကို မလေဟင်း
စေရအောင် နိုင်ငံရေး စီးပွားရေး ပညာရေး ကျမ်းမာရေး သတင်းမီဒီယာနှင့် အလုပ်သမားအခွင့်အရေး လယ်သမားအခွင့်အရေး စသည့်အခွင့်အရေးများကို ပြောင်းလဲမှုနှင့် တဖြေးညီ လှုပ်ရှားမှုတွေနဲ့  ဒီမိုကရေစီစနစ်ကို အမြစ်တွယ်စေဖို့  ကြိုးစားနေကြတာ နေစဉ်နှင့်အမျှ တွေ့ မြင်နေကြရပါတယ်။


သမ္မတ ဦးသိန်းစိန်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မြန်မာပြည် ဒီမိုကရေစီ   ပြုပြင်ပြောင်းလဲရေး အားထုတ်ချက်တွေကို ပြောစမှတ် ပြုလောက်တဲ့ စွမ်းဆောင်ချက်တွေအဖြစ်   နိုင်ငံတကာက ချီးကျူး ထောပနာပြုလိုက်ကြပါတယ်။

ပြည်သူတွေဟာ စစ်မှန်တဲ့ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး ဥပဒေစိုးမိုးရေး စသည်တို့ ကို စိတ်ဝင်စားလာ
ကြပြီး မိမိတို့ ၏အခွင့်အရေးကို မိမိတို့ ကိုယ်တိုင် စနစ်နှင့်အညီ တောင်းဆိုမှ ရနိုင်မည် ဆိုသော
သဘောတရားများကို သိရှိနားလည်နေကြပြီး စနစ်အပြောင်းအလဲမှာ အမိအရတောင်းဆိုနေကြတာ
ကို တွေ့ မြင်ကြရမှာဖြစ်ပါတယ်။ဒါဟာ ဒီမိုကရေစီအနစ်ရဲ့  အလေ့အထပါ။တဦးတည်း တဖွဲ့ တည်း
မဟုတ်ဘဲ ဒီမိုကရေစီနည်းအရ အစုအဖွဲ့ နဲ့  တောင်းဆိုရင် ရနိုင်သည်ဆိုသော အလေ့အကျင့်နှင့်သမဂ္ဂ များ အသင်းအဖွဲ့ များ လူမှုအထောက်အကူအဖွဲ့ များ လွတ်လပ်သောရှေ့ နေအသင်းအဖွဲ့ များ တရားဝင် ဖွဲ့ စည်း၍ သက်ဆိုင်ရာဌာနအသီးသီးကို အင်အားစုစည်းမှုဖြင့် တောင်းဆိုရမည်ဟူသော သဘော တရားများကို နားလည်သဘောပေါက်လာနေကြပြီဖြစ်ပါသည်။

မြန်မာပြည် အပြောင်းအလဲတွေ ရေရှည်တည်တံ့ခိုင်မြဲနေဖို့ အတွက် ငြိမ်းချမ်းမှုရှိရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့  ဥပဒေစိုးမိုးရေးတို့ က အရေးကြီးပြီး ပြည်သူများ ပိုမိုသိရှိနားလည်စေသော ပညာပေး   ဟောပြောပွဲ အလုပ်ရုံဆွေးနွေးပွဲ ကျမ်းမာရေးဆွေးနွေပွဲ အတတ်ပညာအမြင်ခြင်းဖလှယ်ပွဲ စီပွားရေး    ဆွေးနွေးပွဲ ဘာသာရေးဆွေးနွေးပွဲတွေကို ကျယ်ကျယ်ပြန့် ပြန့် ဖြစ်လာအောင် အစဉ်မပြတ်ဆက်တိုက်
လုပ်ဆောင်ကြရမည်ဖြစ်သည်။

ဥပဒေစိုးမိုးရေးသည် မြန်မာနိုင်ငံ အကျင့်ပျက်ချစားမှုကို ဖေါ်ထုတ်နိုင်စေပြီး မတရားမှုများ အနိုင်ကျင့်
မှုများ အဓမ္မကျင့်မှုများကို လူ့ အခွင့်အရေးချိုးဖေါက်မှုများကို ရှေ့ နေလူမှုကူညီမှုအသင်းများမှ ပြည်သူ
များအား ကူညီစောင့်ရှောက်မှုများ အားကောင်းလာလျှင် အကျင့်ပျက်ချစားမှုများကို တဖြေးဖြေးနှင့်
တရားဥပဒေ မဏ္ဍိုင်ကို ခိုင်မာတည့်မတ်အောင် အစိုးရနှင့် ဥပဒေပညာရှင်များက ၀ိုင်းဝန်းထိမ်းကြောင်း
ပြီး မတရားမှုများကို အလေးထားကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပေသည်။

ဒီမိုကရေစီ အခြေကျ အမြစ်တွယ်ရေး နိုင်ငံရေးပါတီများ၏ ဦးဆောင်ဦးရွက်မှုတွေအပေါ် ပုံမထားဘဲ   ပြည်သူတွေ အနေဖြင့် မိမိတို့ ၏ ကိုယ်စွမ်းညာဏ်စွမ်းများဖြင့် တဘက်တလမ်းမှ အားပေးကူညီကြပြီး အတူတကွပူးပေါင်းလုပ်ဆောင်ကြမှသာ စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့  ရောက်ရှိလာမည်
ဟု ယုံကြည်မိပါသည်။