Thursday, May 10, 2012

စစ်မှန်သော ဒီမိုကရေစီစနစ်ဟူသည် "အခြေခံဥပဒေ ပြင်နိုင်ရမည် "


၁-၅-၂၀၁၂ စမ်ချောင်း မြို့နယ် NLD ရုံးဖွင့်ပွဲ "အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုသည့် ဆောင်ပုဒ်ဖြင့် လူငယ်ထုရဲ့ က အမျိုးသားဒီမိုကရေစီ ရုံးခန်းဖွင့်ပွဲ ကိုင်ဆောင်ခဲ့ပါတယ်။
အလုပ်သမားနေ့ ညနေ ၅နာရီတိတိ အချိန်မှာ ဖွင့်လှစ်ခဲ့တာပါ။ ဒီပွဲကို နာယက ဦးတင်ဦး နဲ့ ဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည်တိုက တက်ရောက် မိန့်ခွန်းပြောပြီင်္း ဖွင့်လှစ်ခဲ့တာပါ။ တကယ့်နိုင်ငံရေးဆန်တဲ့ ပွဲလေးပါ။ " အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုပြီး စမ်းချောင်းသားလူငယ် များက အားရပါးရကြွေးကျော်ပြီး သူတို့ ကိုင်ထားတဲ့ စာတန်းလေးတွေကလဲ တိုင်းပြည်ရဲ့ အဓိက လိုအပ်ချက်တွေကို ပေါ်လွင်စေခဲ့ပါတယ်။ 
 တိုင်ပြည်ရဲ့  စစ်မှန်သော ဒီမိုကရေစီစနစ်ဟာ အနာဂတ်လူငယ်များ၏ ဘ၀ကိုအာမခံချက်  ပေးစေ၍ 
လူငယ်များ ကိုယ်တိုင် မိမိ၏ကံကြမ္မာကို စိတ်ဓါတ်ခွန်အားအပြည့်နဲ့  တောင်းဆိုကြခြင်းသည် လူငယ် ထုအတွက်ရော တိုင်းပြည်အတွက်ပါ မလွဲအသွေဆောင်ရွက်ရမည့် အချက်ဖြစ်ပေသည်။