Friday, May 11, 2012

သမ္မတ ဦးသိန်စိန် ငြိမ်းချမ်းရေးတည်ဆောက်ဖို့  ထပ်မံပြောကြား


တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာလူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာ
 ဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်
ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဋ္ဌများအနေနှင့်လည်း အားသွန်ခွန်စိုက် ပါဝင်ကူညီလုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း။

ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝရပ်စဲပြီး ထာဝရတည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးဆွေးနွေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဥပဒေနှင့်အညီ တတ်နိုင်သမျှအားပေး ကူညီပေးကြစေလိုကြောင်း၊ စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်ကြိုးပမ်း
တည်ဆောက်နေသည့် နိုင်ငံတော်အစိုးရ၏ မှန်ကန်သည့်စေတနာကို နားလည်သဘောပေါက်အောင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတရုံး အစည်း
အဝေးခန်းမတွင် မေလ ၁၁ ရက်နေ့ (ယနေ့) နံနက်တွင် ပြုလုပ်သောအစည်းအဝေးတွင် တိုက်တွန်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

သမ္မတ ဦးသိန်းစိန်ကတော့ အကြိမ်ပေါင်းများစွာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေလုပ်ဖို့  တိုက်တွန်းနေ
တာတွေ့ ရပေမဲ့ အစိုးရအဖွဲ့ ကတော့ တိတ်ဆိတ်နေတာတွေ့ ရပါတယ်။စစ်တပ်ကိုလည်း စစ်ပွဲတွေ
ရပ်ဖို့ ပြောဆိုခဲ့ပေမဲ့ ယနေ့ အချိန်အထိ ပြင်းထန်တဲ့စစ်ပွဲတွေဖြစ်နေလို့  အပြစ်မဲ့  ပြည်သူတွေဟာ   ရှောင်ပုန်းရင်းသေဆုံးခဲ့ရတာတွေ ရှိနေပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးကို လက်နက်နဲ့ ဖြေရှင်းနေလို့ 
ယနေ့ အချိန်အထိ ငြိမ်းချမ်းရေးမရရှိတာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ တဦးနှင့်တဦး ညှိနိုင်းဆွေးနွေး
အပေးအယူအပြန်အလှန်ရှိမှ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရောက်လာမှာဖြစ်တဲ့အတွက် အစိုးရဘက်
ရော KIA ဘက်ကပါ ပြည်သူတွေရဲ့ ဘ၀ကို နားမလည်နိုင်ဘဲ တဘက်သတ် စဉ်စားကြမယ်ဆိုရင်
ငြိမ်းချမ်းရေးရဖို့ မလွယ်လှပါ။နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကို တကယ်လိုချင်တဲ့ ဆန္ဒရှိမှ အောင်မြင်
နိုင်မယ်လို့  သုံးသတ်မိပါသည်။