ကလောမြို့နယ် ဟဲဟိုး ဘောဆိုင်း တံတာကန်း မူလွန် မဲရုံ၌ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်က
၄၁၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး တိုင်းရင်းသား ညီညွတ်ရေး ပါတီက ၁၂ မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ၇မဲနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်က ၂ မဲရရှိခဲ့ကြောင်း သိရပါသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာမူ အဆိုပါ မဲရုံ၌ မဲရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။