Monday, April 2, 2012

ပြည်သူ့ ပါတီ NLD အတွက် တနိုင်လုံးရှိပြည်သူများ ၀မ်းသာပျော်မြူး အောင်ပွဲအလံ လွှင့်ထူ

လူထုနဲ့ တန်းတူ..လူထုကြားမှာပဲ မဲရလဒ်များ ကို ..ကြိုဆိုထောက်ခံနေသော ဘဘဦးတင်ဦး




ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အခက်အခဲအမျိုးမျိုးသော အခြေအနေများကို ဖြတ်ကျော်၍ အောင်ပွဲခံခဲ့ပါပြီး စစ်မှန်သောဒီမိုကရေစီနှင့်လူ့ အခွင့်အရေးများ
ကို လိုလားကြသည့် ပြည်သူများသည် မိမိတို့ ရရှိသော အခွင့်အရေးကို  ရဲရဲတင်းတင်းဖြင့်
မိမိတို့ ၏  ဆန္ဒကို ဖေါ်ထုတ်ခဲ့သောကြောင့် ပြည်သူ့ ပါတီ NLDသည် ၄၄ နေရာဝင်ရောက်ရှင်ပြိုင်
ခဲ့ရာ ၄၃ နေရာအနိုင်ရရှိခဲ့သည်။ တနိုင်လုံးရှိပြည်သူများသည် ၀မ်းသာမဆုံး တပြုံးပြုံးဖြင့်
ပျော်ရွင်မြူးထူး ကခုံနေကြသည်ကို တွေ့ မြင်ရပါသည်။