ကလောမြို့နယ်တွင်
လစ်လပ်နေသည့် အမတ်လွှတ်တော်နေရာ၌ အနိုင်ရရှိသွားသူ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ် ဒေါက်တာ
ဒေါ်သန်းငွေအား မြစ်မခမီဒီယာမှ ကောင်းမြတ်ဖြိုးမှ သွားရောက် မေးမြန်းထားသည်။
၎င်းမြို့နယ်၏
ကြားဖြတ်ရွေးကောက်ပွဲတွင် ပအိုဝ့်တိုင်းရင်းသားများပါတီ၊
ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့နှင့် ယှဉ်ပြိုင် အနိုင်ယူခဲ့သည့်
NLD ပါတီမှ ဒေါ်သန်းငွေသည် ကလောမြို့နယ်တွင် အနိုင်ရသည့်အပေါ် သူမ၏
ခံစားချက်အား ယခုလို ပြောလာပါသည်။
အဖြေ ။ ။
အန်တီအနိုင်ရတယ်ဆိုတာ လူထုတွေထောက်ခံ လို့အနိုင်ရတာ လူထုတွေကိုကျေးဇူးတင်
တယ်ဆိုတာအရင်ဆုံးပြောချင်တယ်။ လူထုတွေမပါဘဲနဲ့
အန်တီတို့မရပ်တည်နိုင်ဘူးသူတို့တွေရဲ့မဲပေးမှုတွေမပါဘဲနဲ့ အန်တီလည်း
မဲမရနိုင်ဘူး။ သူတို့ကျေးဇူးက အန်တီတို့
အပေါ်မှာ အများကြီးရှိတယ်။ ဆိုလိုတာက သူတို့တွေကအန်တီ့ အပေါ်မှာကျေးဇူရှိတယ်အဲ့ဒီတော့ အန်တီက သူတို့အပေါ်မှာ ပြန်ပြီးကျေးဇူးဆပ်ရမယ်လို့ အန်တီမှာတာဝန်ရှိလာပါ
တယ်လို့ အန်တီပြောချင်ပါတယ်။
အပေါ်မှာ အများကြီးရှိတယ်။ ဆိုလိုတာက သူတို့တွေကအန်တီ့ အပေါ်မှာကျေးဇူရှိတယ်အဲ့ဒီတော့ အန်တီက သူတို့အပေါ်မှာ ပြန်ပြီးကျေးဇူးဆပ်ရမယ်လို့ အန်တီမှာတာဝန်ရှိလာပါ
တယ်လို့ အန်တီပြောချင်ပါတယ်။
အမေး ။ ။ NLD ပါတီ ဘာကြောင့်နိုင်တယ်လို့ ထင်လဲ။
အဖြေ ။ ။ ဘာကြောင့်နိုင်လဲဆိုတော့ လူထုက တိုင်းပြည်မှာအပြောင်းအလဲလိုချင်တယ်။
သူတို့လွတ်လပ်မှုလိုချင်တယ်။ သူတို့စီးပွားရှာတဲ့အခါမှာလည်း လွတ်လပ်ပွင့်လင်းမှုလိုချင်တယ်။ အဲ့တော့ ဒီမိုကရေစီတည်ထောင်ထားတဲ့ အန်တီတို့ပါတီ အန်တီတို့တက်လာပြီးဒီမိုကရေစီနဲ့ အုပ်ချုပ်မှာကို သူတို့အရမ်းကိုလိုလားတယ်။ အထူးသဖြင့်လူငယ်တွေကပိုပြီးပြီး
လိုလားကျတယ်။ အဲ့ဒါကြောင့်သူတို့ မဲပေးကျလို့ NLD နိုင်တယ်လို့ထင်တယ်။

အမေး ။ ။ ပြည်သူတွေကို ဘယ်လို ကတိမျိုး တွေပေးထားလည်း။
အဖြေ ။ ။ ပြည်သူတွေကို ပြောထားတာက ရေရှည်လုပ်ငန်းတွေ မှာဇောက်ချလုပ်သွားမယ်လို့ ရေရှည်လုပ်ငန်းဆိုတာက စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး။ ကလေး၊ လူငယ်တွေ
အလုပ်အကိုင်ရရှိရေး အဲ့ဒါတွေမှာအန်တီတို့က လုပ်ကိုင်ပေးဖို့ ကတိပေးထားတယ်။အဲ့ဒါတွေကို အန်တီတို့ကြိုးစားပေးမယ်။ နောက်တစ်ခုက ဥပဒေစိုးမိုးရေးရရှိဖို့ ဥပဒေစိုးမိုးမှ
ပြည်သူလူထုတွေအတွက်ကောင်းကျိုးပေးမယ်၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်ငြိမ်းချမ်းရေး
နောက်တစ်ခုက ဖွဲ့ စည်းပုံအခြေခံဥဒေ ပြင်ဆင်ရေး။ ဒီသုံးခုကို အဓိကထားပြီးပြောင်းလဲပေးချင်တယ်။ ဆိုလိုတာက ဒီသုံးခု နဲ့သူတို့ရဲ့  နေထိုင်မှု၊ဘ၀အခြေအနေ ပြောင်းလဲလာမယ် ဆိုတာအန်တီတို့က ယုံကြည်တယ် အန်တီတို့က
ဒီသုံးခုကို အဓိကထားပြီးစည်းရုံးတာပါ။

အမေး ။ ။ ပြည်သူတွေအတွက်ဘာလုပ်ပေးမှာလည်း။
အဖြေ ။ ။ပြည်သူတွေအတွက် လုပ်ပေးဖို့က ခုနကပြောသလိုပဲ ရည်ရွယ်ချက်သုံးခုကို တက်နိုင်တဲ့
ဘက်ကစလုပ်သွားမယ်။ နောက်ပိုင်းကျတော့ ရေရှည်လုပ်ငန်းတွေမှာ သူတို့တွေပါ ပါဝင်ပြီး တော့ အတူလက်တွဲပြီး လုပ်သွားမယ်။ လုပ်နိုင်ဖို့အတွက်လည်း သူတို့တွေကို ဆော်သြ ထားပါတယ်။
ဘက်ကစလုပ်သွားမယ်။ နောက်ပိုင်းကျတော့ ရေရှည်လုပ်ငန်းတွေမှာ သူတို့တွေပါ ပါဝင်ပြီး တော့ အတူလက်တွဲပြီး လုပ်သွားမယ်။ လုပ်နိုင်ဖို့အတွက်လည်း သူတို့တွေကို ဆော်သြ ထားပါတယ်။
အမေး ။ ။လွှတ်တော်ထဲ ရောက်ပြီဆိုတော့ ပြည်သူတွေအတွက် အဓိက ဘယ်အပိုင်းကို ဦးစားပေး တင်ပြတောင်းဆိုချင်လဲ။
အဖြေ ။ ။အဲ့ဒါကတော့
ဥက္ကဋ္ဌကြီးပေါ်မူတည်တယ်။ လုပ်ချင်တာက ဆွေးနွေးပြီးတော့ ဘယ်ဟာကို
အရင်ဆုံးတင်မယ် ဘယ်ဟာကိုဦးစားပေးမယ်ဆိုတာကိုအန်တီတို့
နောက်မှဆုံးဖြတ်ရမှာပေါ့။
အမေး ။ ။တင်သွင်းမဲ့ အဆိုကို ကြိုတင်ပြင်ဆင်ထားတာ ကောရှိလား။
အဖြေ ။ ။ ကြိုတင်ပြင်ဆင်ထားတာတော့ ကိုယ့်အပြင်အဆင်နဲ့ကိုယ် ရှိတာပေါ့။ အောက်ခြေကနေစပြီး
ကိုယ့်ဒေသမှာ ဘာအလိုအပ်ဆုံးလဲ အဲ့ဒါတွေကို မှတ်ထားပါတယ်။
ကိုယ့်ဒေသမှာ ဘာအလိုအပ်ဆုံးလဲ အဲ့ဒါတွေကို မှတ်ထားပါတယ်။
ကျေးဇူးတင်ပါတယ်။ မြစ်မခမီဒီယာ
မြစ