Saturday, April 7, 2012
Ko Ko Gyi's (San Chaung) Charity Party
ကိုကိုကြီး (စမ်းချောင်း) ရဲ့ အလှူပွဲ
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် စမ်းချောင်း ကိုကိုကြီး မိသားစုနဲ့ ဆွေမျိုးတွေ စုပေါင်းပြီး မြန်မာ့ရိုးရာ အစဉ်အလာအတိုင်း သိပ်က္ခာထပ် ရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနား ကို ဧပြီလ ၄ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ၈မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုဌေးကြွယ် ၊ ကိုမင်းဇေယျာ၊ ကိုမာကီး ၊ မမီးမီး တို့အပါအ၀င်
၂၀၀၇ မျိုးဆက် ဗကသ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ လူ့အခွင့်အရေး
တက်ကြွလှုပ်ရှားသူ မစုစုနွေးတို့ တက်ရောက်လာခဲ့ကြပါတယ်။ ဒီအလှူတော်မင်္ဂလာအခမ်းအနားမှာ
ဗောဓိရွှေကျောင်းဆရာတော် ဘဒ္ဒန္တ၀ိမလာစာရ နဲ့ သုံးခွမြို့ မြို့မ ရေလယ်ကျောင်းတိုက်ဆရာတော်
ဘဒ္ဒန္တလင်္ကာရ ဆရာတော်နှစ်ပါးကို သိမ်ထပ်မင်္ဂလာပြုလုပ်ခဲ့ပါတယ်။
Posted by
mya thein