Sunday, April 8, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေ့ဆုံ

 ဓါတ်ပုံ AP
ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့် က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
သည် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သားများနှင့် သူမ၏နေအိမ်တွင် လက်ခံ တွေ့ ဆုံခဲ့သည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သားများက ၄င်းတို့၏ တိုင်းပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များပြောကြား
ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်အား ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်မှ NLD ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုဖြစ်ဖို့အတွက် တိုင်းရင်းသားများအားလုံး စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်မှာ ပါဝင်ရမယ်လို့ ကျွန်မတို့အနေနဲ့ ယုံကြည်ထား
ပါတယ်။ ခုလိုတွေ့ဆုံရာမှာ အမြင်ချင်းဖလှယ်နိုင်တယ်၊ တိုင်ပင်နိုင်ကြတယ်။ အမျိုးသားရင်ကြားစေ့ရေး ကိုအများကြီးအထောက်အကူပြုနိုင်တယ်။ ကျွန်မတို့ အမြင်ချင်းတူညီနေတယ်ဆိုတာကိုလည်းတွေ့ရ
ပါတယ်။ ဒါဟာ နောင်ညီညွတ်မယ့် အလားအလာကောင်းလို့ယုံကြည်ပါတယ်"ဟုပြောကြားခဲ့သည်။