Sunday, April 8, 2012
ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်
ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင်တွေနဲ့ ဗကသ ကျောင်းသားအဖွဲ့ဝင်တွေ စုပေါင်းပြီး ဧပြီလ ၅ ရက်နေ့က
မအူပင်ခရိုင် မအူပင်မြို့ကို သွားရောက်ခဲ့ပါတယ်။ မအူပင်တက္ကသိုလ် အနီး လယ်ကွင်းတခုမှာ
ပြုလုပ်တာဖြစ်တဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးပွဲကို မအူပင်မြို့ခံတွေနဲ့
ပြည်သူလူထုတွေ တက်ရောက်ခဲ့ကြပြီး ကိုမင်းကိုနိုင်က မအူပင် အကျဉ်းထောင်အတွင်း သေဆုံးသွားတဲ့
ဒုတိယနှစ်ကျောင်းသား ကိုကျော်မျိုးသန့်အတွက် ရည်စူးပြီး ပန်းစည်းချ ဂုဏ်ပြုခဲ့ကာ မအူပင် မြို့သူမြို့သားတွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
Posted by
luthuorthan.bg@gmail.com