ရခိုင်ပြည် ကျောက်ဖြူ မြို့တွင်း ရှိ လမ်းများမှာ လူဦးရေ ထူထပ်လာမှုနှင့် ဆိုင်ကယ် ၊ကားများ
သွားလာမှု များပြားလာခြင်းကြောင့် မြို့တွင်း၇ှိ ဈေးလမ်း၊ ကမ်းနားလမ်း၊ ဦးဥတ္တမလမ်း၊ ဗိုလ်ချုပ်လမ်း
နှင့် ရုံးတက်လမ်းတို့ကို လမ်းဧရိယာ ချဲ့ထွင်သွားမည်ဟု ကျောက်ဖြူမှ လာသောသတင်းအရ သိရ
သည်။
လမ်းကအတော်ကျဉ်းသွားပြီ။ လူကလည်းများလာတယ်၊ ဆိုင်ကယ်၊ ကားတွေကလည်း အယင်ကထက် များလာတော့ လမ်းက ခုအနေထားနှင့်မဖြစ်တော့ဘူး။
စိုးရတယ်၊ အခုလမ်းအနေအထားက ကားနှစ်စီး သွားလို့မရဘူးဖြစ်နေတယ်။ ဒါကြောင့်ကားနှစ်စီး လွှတ်လပ်လွယ်ကူစွာ သွားလာလို့ရအောင် ပြုပြင်ချဲ့ထွင်မယ်လို့ ပြောသံကြားတယ် လို့ ကျောက်ဖြူ ဒေသခံတဦးမှ ပြောပြချက်အရ သိရသည်။