ဧပြီ ၉ ရက်၊ ၂၀၁၂ ခုနှစ်-ပိုင်စိုး (YPI)
ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်က ကိုထင်ကျော်ဦးဆောင်သည့် ကုန်ဈေးနှုန်းကျဆင်းရေး အင်အားစု က ၅ ထောင်တန် ဆင်းကဒ် ရရှိရေးလှုပ်ရှားမှု အဖြစ် ရန်ကုန်မြို့ သိမ်ကြီးဈေးအနီး မဟာဗန္ဓုလလမ်း မပေါ်တွင် လက်ကမ်းကြော်ငြာများ ဝေငှကြသည်။
လက်ကမ်းကြော်ငြာ တောင်းယူသူ လမ်းဘေးဈေးသည် တဦးက “ဒီကိစ္စကို အားပေးတယ်။ ငါးထောင် ဖုန်းကို မျှော်လင့်ပါတယ်” ဟု YPI သို့ပြောသည်။
ငါးထောင်တန် ဖုန်းကဒ်ရရှိရေး လှုပ်ရှားမှုအဖြစ် လှုပ်ရှားသူ ၈၀ ဦးခန့်က လက်ကမ်းကြော်ငြာ အရွက်ရေ ၂ သောင်းခန့်ယူဆောင်လာပြီး စာရွက်ကုန်သည်အထိ ဖြန့်ဝေမည်ဟု လှုပ်ရှားသူတဦး ကပြောသည်။
ကုန်ဈေးနှုန်း ကျဆင်းရေး အင်အားစုက ယနေ့နံနက် ၁၀ နာရီဝန်းကျင်ကလည်း ကမာရွတ် လှည်းတန်း တွင် လက်ကမ်းစာရွက်ဝေငှသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်ဟု လှုပ်ရှားမှုကို ဦးဆောင်သူ ကိုထင်ကျော်
က ပြောသည်။
ထိုသို့ဝေငှနေစဉ် အရပ်ဝတ် လုံခြုံရေး ၀န်ထမ်း ၄၊ ၅ ဦးက လက်ကမ်းစာရွက် ၁ သောင်းခွဲဝန်းကျင်ကို သိမ်းယူသွားခဲ့ကြောင်းလည်း လှုပ်ရှားသူများက ပြောသည်။
ယနေ့ ဧပြီလ ၉ ရက်နေ့သည် ရန်ကုန်နှင့်မန္တလေးမြို့ကြီ
ယခင်လပိုင်းများက ဆင်းကဒ်တကဒ်ကို ကျပ် ၅ ထောင်ဖြင့်ရောင်းချနိုင်သည်