Monday, April 2, 2012

သမိုင်းတွင်သည့်နေ့  ဧပြီလ ၁ ရက်

မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်း ၁၉၉၀ ရွေးကောက်ပွဲတွင် NLDမှ ၈၂ %ကျော်ဖြင့် အနိုင်ရခဲ့ပြီး
စစ်အစိုးရမှ အာဏာလွှဲပြောင်းမပေးခဲ့လို့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့်ဖြိုးတိုးတက်မှု အနှစ် ၂၀ကျော်
နောက်ကျခဲ့ရပြီး အဆင်းရဲဆုံးနိုင်ငံအဖြစ် ပြည်သူများဆင်းရဲမွဲတေခဲ့ရပါတယ်။၂၀၁၀ တွင်လည်း တရား
မျှတမှုမရှိသည့်အတွက် ရွေးကောက်ပွဲကိုNLD မှ ပြည်သူများ၏ ဆန္ဒအရ ၀င်ရောက်ခဲ့ခြင်းမရှိပါ။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ၏တောင်းဆိုမှုကို အစိုးရလိုက်လျှောပေးခဲ့ပြီး ပြည်သူများ၏
တောင်းဆိုမှုဆန္ဒနှင့်အညီ ၄၄ နေရာ ၀င်ရောက်ရှင်ပြိုင်ခဲ့ရာ ၄၃နေရာ အနိုင်ရခဲ့၍ ရှင်ပြိုင်ရာနှုန်း.၏
၉၉ ရာနှုန်းအနိုင်ရခဲ့သည်။မြန်မာပြည်သူများ အာဏာရှင်လက်အောက် အကြောက်တရားများကို
ဖိဆန်၍  မတရားမှုများမှ လွတ်မြောက်ချင်သောဆန္ဒကို ဖေါ်ပြလိုက်သော ရလဒ်ပင်ဖြစ်ပေသည်။
အနှစ် ၂၀ ကျော်အတွင်း ပြည်သူများတနိုင်ငံလုံး ၀မ်းသာပျော်မြူးသည့် အပြုံးများဖြင့် ဧပြီလ ၁ ရက်နေ့ တွင် သမိုင်းတွင်ခဲ့ရလေသည်။