Thursday, April 5, 2012

ပြည်သူတွေ ရဲ့ ဘဝ လွတ်လပ်မှုတွေ ရရှိအောင် ကြိုးပမ်းသွားမယ်

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ် မဲဆန္ဒနယ် မှာ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရသွားခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ဟာ သူ့ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ရှေ့ဆက်ပြီး အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု နောက်မှာ လိုက်ပါပြီး ပြည်သူတွေရဲ့ ဘဝတွေ ကို လွတ်လပ်မှုရရှိအောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါသည်။