(မော်လမြိုင်၊ မတ် ၃)
ကြားဖြတ် ရွေးကောက်ပွဲ တွင် မဲပေးကြမည့် သူများ သိထားသင့်သည့် အကြောင်းအရာ များ
ဟောပြောပွဲကို မတ် ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ တွင် မော်လမြိုင် မြို့ဈေးကြိုရပ်၊ ကျိုက္ခမီ
လမ်းရှိ ဈေးကြို ရပ်ကွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်း၌ ကျင်းပရာ အမျိုးသား ဒီမိုက
ရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် များ ၊ အောင်နိုင်ရေး ကော်မတီ ဝင်များ ၁ဝဝ ခန့် တက်ရောက်ကြောင်း သိရသည်။
ဟောပြောပွဲတွင် မောင်ကိုနီ (တရားရုံးချုပ် ရှေ့နေ)က မဲပေးကြ မည့်သူများ သိထားသင့်သည့် အကြောင်းအရာ များကို ဟောပြောရာ ၌ မဲစာရင်းတွင် အမည် ပါ ဝင်ရေး၊ ကြိုတင် မဲပေးနိုင်သူ၊
ကြိုတင်မဲ စာရင်း၊ ကြိုတင်မဲနှင့် အချိန်ကာလ၊ ကြိုတင်မဲနှင့် ဝန်ထမ်း၊ မဲရုံ မသွားနိုင်သူများ
ကြိုတင် မဲပေးပုံ၊ မဲပြား များ ဖောင်းပွခြင်း မရှိစေရန်၊ မဲရေတွက်ပုံ၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ သို့ ပေးထား သော ကြိုတင်မဲ များ ရေတွက်ခြင်း စသည့် အကြောင်းအရာ များကို အသေးစိတ်
ရှင်းလင်း ပြောကြားပြီး တက်ရောက်လာ သူများ၏ မေးမြန်း ချက်များကို ပြန်လည် ရှင်းလင်း
ဖြေကြား ခဲ့ကြောင်း သိရသည်။