Thursday, March 8, 2012

မြို့ကြီးများတွင် ဘဏ်ခွဲ ၁ဝခုထပ်မံ ဖွင့်လှစ်သွားမည်ဟု AGD ဘဏ် ပြောကြား

၈-၃-၂၀၁၂
ဘဏ်ခွဲ ၁ဝ ခုထပ်မံဖွင့်လှစ် သွားမည်ဟု AGD ဘဏ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ဘုရင့်နောင်၊ မြောင်းမြ၊ မုံရွာ၊ တောင်ကြီး၊ ပြည်၊ အောင်လံ၊ မကွေး၊ ဖြူး၊ တောင်ငူနှင့် မော်လမြိုင်မြို့
များတွင် ဘဏ်ခွဲများ ဖွင့်လှစ်သွားရန် လျာထားကြောင်း သိရသည်။”အသစ်ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိက ဘဏ်တွေကို ရုံးချုပ်ဘဏ်အပါအ ဝင် ဘဏ်ခွဲပေါင်း ၁ဝ ဘဏ်ပဲ ဖွင့် ခွင့် ပေးထားသေးတာ၊ ဘဏ်ခွဲ တွေဖွင့်ဖို့ သတ်မှတ် ၁ဝ ခု ပြည့် သွားရင် ထပ်လျှောက်ပြီး ဖွင့် သွားမှာပါ”ဟု AGD ဘဏ်မှ
တာဝန်ရှိ သူတစ်ဦးက ပြောသည်။AGD မှ ဖွင့်လှစ်သွားမည့် ဘဏ်ခွဲများအားလုံးကို အွန်လိုင်း
 စနစ်ဖြင့်သာ ချိတ်ဆက်လုပ်ကိုင် သွားမည်ဖြစ်ပြီး ထပ်မံဖွင့်လှစ်မည့် ဘဏ်များ ၌လည်း အွန်လိုင်းဖုန်း ဘီလ်ဆောင်ရန်အကောင့်ဖွင့်လှစ် နိုင်မည်ဖြစ်ကြောင်း သိရသည်။လတ်တလောတွင် AGD ဘဏ်သည် နေပြည်တော်တွင် ရုံးချုပ်ထားရှိပြီး ရန်ကုန်တိုင်းဒေသ ကြီးတွင်ဘဏ်ခွဲ ၂ ခု၊ မန္တလေးတွင်
ဘဏ်ခွဲ ၁ ခု ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ ငွေပို့ငွေလွှဲလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် လုပ်ကိုင်
 နေသော မြဝတီဘဏ်၊ ကမ္ဘောဇဘဏ်တို့နှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်လျက် ရှိ ကြောင်းသိရသည်။
 Popular Myanmar
ဝေယံမိုးမြင့်