skip to main |
skip to sidebar
၎-၃-၂၀၁၂
ကျွန်တော်တို့
အားလုံးဟာ အဟန့်အတားတွေ၊ အတားအဆီးတွေ၊ အပိတ်အဆို့တွေကြုံနေနေ
ကျွန်တော်တို့အလုပ်ကို ကျွန်တော်တို့ ပုံမှန်နဲ့ ရဲရဲဝင့်ဝင့်နဲ့
မှန်မှန်ကန်ကန်လုပ်ခြင်းကသာလျှင်
တကယ်စစ်မှန်တဲ့အင်အား ကိုရမှာဖြစ်ပြီး ပန်းတိုင်ကိုချီတက်တဲ့နေရာမှာ
အထောက်အကူဖြစ် မယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် ကိုယ့်အလုပ်ကိုယ်
လုပ်ကြပါ။ ကိုယ်အလုပ်ကိုလုပ်တဲ့နေရာ မှာလည်း ကိုယ့်အလုပ်ကို လုပ်တယ်ဆိုပြီးတော့ တစ်ဦးချင်းတစ်ယောက်ချင်း လုပ်နေလို့မဖြစ်ပါဘူး။ ကျွန်တော်တို့တွေအားလုံးဟာ ညီညွှတ်တဲ့အင်အားနဲ့ ညီညီညွှတ်ညွှတ် ရပ်တည်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားမှသာလျှင်
ပိုပြီးတော့ ခိုင်မာတဲ့ အင်အားပိုပြီးကြီးမားတဲ့ ခွန်အားဖြစ်နိုင်တယ် ဆိုတာ
မှာကြားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီနေ့
ဒီအချိန်ခါထိကျွန်တော်တို့ရဲ့ ညီညွှတ်တဲ့ အင်အားတွေ ရှိပင်ရှိသော်ငြားလည်း
အပြည့်အ၀ မသုံးနိုင်သေးပါဘူး။ ဒီအင်အားတွေကိုခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲနဲ့
စစ်စစ်မှန်မှန်သုံးဖို့ဆိုရင် ညီညွှတ်မှု အများကြီး လိုပါတယ်။ အဲဒါကြောင့်
ညီညွတ်တဲ့အားတွေ ဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ညီညီညွှတ်ညွှတ်နဲ့ကျွန်တော်တို့ရဲ့အားတွေကို ဖော်ထုတ်နိုင်မှ သာလျှင်လိုရာခရီးပန်းတိုင်ကို လျှောက်လှမ်းတဲ့နေရာမှာ မြန်မြန်ဆန်ဆန်နဲ့ ရောက်နိုင်မှာဖြစ်ပါတယ်
(ဦးဝင်းတင်၏ အမှာစကားမှ ကောက်နှုတ်ချက်)