Sunday, March 4, 2012

မန္တလေးလူထုအားပြောကြားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့် ခွန်း

                               ဆရာမတွေ ကျောင်းသူကျောင်းသားတွေကလည်း NLD ပါဘဲ
 ၄-၃-၂၀၁၂                                                                                  ကျွန်မတို့ ရှေ့ဆက်ရမယ့်ခရီးက အင်မတန်ကြမ်းပါလိမ့်မယ်။ အင်မတန်ခက်ခဲပါလိမ့်မယ်။ ဒါ ကျွန်မအခုကတည်းက ပြောထားတာပါ။ ဒီမိုကရေစီဆိုတာရဖို့လည်းမလွယ်ဘူး။ ရပြီးတဲ့အခါ တည်တံ့ခိုင်မြဲအောင် လုပ်ဖို့လည်း မလွယ်ဘူး။ အင်မတန်မှ အလုပ်တွေများများလုပ်ပြီးတော့ ထိန်းသိမ်းသွားရမှာဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်တဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး နားလည်မှုဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာအများရဲ့သြဇာလွှမ်းမိုးရေး၊ ပြည်သူရဲ့ သြဇာလွှမ်း မိုးရေးပဲ။ ပြည်သူတွေဟာ ကိုယ့်သြဇာတွေ နိုင်ငံအပေါ်မှာ လွှမ်းမိုးစေချင် တယ်ဆိုရင် အချင်းချင်းနားလည် နိုင်ရမယ်။ အချင်းချင်း အပေးအယူလုပ်နိုင်ရမယ်။ အချင်းချင်း သဘောထား ကြီးနိုင်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ဟာ တကယ်ကိုစစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခု ထူထောင်နိုင်မှာဖြစ်ပါတယ်။
လူတိုင်းလူတိုင်း လိုချင်တဲ့ကိစ္စကစိတ်လုံခြုံမှုပါပဲ။ စိတ်လုံခြုံမှုရှိဖို့ဆိုတာက အကြောက်တရားက ကင်းဝေးရမယ်။ ဆင်းရဲခြင်းမှ ကင်းဝေးရမယ်။ မလိုလားအပ်တဲ့ စိတ်ဆင်းရဲမှုမှန်သမျှကင်းဝေးမှ စိတ်လုံခြုံလာမှာဖြစ်ပါတယ်။ စိတ်လုံခြုံဖို့ဆို တာက ဥပဒေစိုးမိုးရေးက အင်မတန်အရေးကြီးပါတယ်။ ဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပြည်သူတွေကို ဘယ်သူ ကမှ မတရားလုပ်လို့မရဘူး။ ဥပဒေစိုးမိုးရေးကနိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တဲ့အလုပ် မဟုတ်ပါဘူး။ .
 (ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးလူထုအားပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်)