Sunday, March 25, 2012

Dr.Daw May Win Myint campaign By-Election Mayangone Township.

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်မေ၀င်းမြင့်ရဲ့ မဲဆွယ်စည်းရုံး ဟောပြောပွဲတစ်ခုကို မတ်လ(၂၃) ရက်နေ့က မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီမဲဆွယ်စည်း၇ုံးရေး ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ပြည်သူလူထု ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။ဒေါက်တာ ဒေါ်မေဝင်းမြင့်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ကိုယ်စားပြုပြီး ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာတုန်းက မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ ရွေးချယ်တင်မြှောက် ခံခဲ့ရသူဖြစ်ပြီး ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့မှာ အစိုးရဆန့်ကျင်ရေး ဆူပူ လှုပ်ရှားမှု ပြုလုပ်ခဲ့ တယ် ဆိုပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်