Tuesday, March 6, 2012

လယ်ယာမြေ ပြဿနာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

၆-၃-၂၀၁၂
အဓမ္မ လယ်ယာမြေသိမ်းဆည်းခံရသည့် ပြဿနာများနှင့် အင်းမ အင်းအတွင်းရှိ ရေထိန်းဆည် စီမံကိန်းကြောင့် တောင်သူလယ်သမားတွေကြုံတွေ့နေရသော လယ်ယာမြေ ပြဿနာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တခုကို ပြည်မြို့၊စည်တော်မင်္ဂလာရပ်ကွက်၊ အမှတ်(၁၃) နေအိမ်မှာ ဒီကနေ့ မတ်လ      ၅ ရက်နေ့ မနက် ၁၀း၀၀ နာရီအချိန်မှ နေ့လည် ၂း၃၀ အချိန်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဥပဒေအတိုင်ပင်ခံ ရှေ့နေ ဦးအောင်သိန်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း        ဆောင် ကိုကျော်ကျော်ထွေး (ခ) ကိုမာကီးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးတို့ တက်ရောက် ဆွေးနွေးခဲ့ကြပြီး မကွေးတိုင်းနှင့် ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ကံမမြို့နယ်နှင့် သဲကုန်းမြို့နယ် စတဲ့ လေးမြို့နယ်မှာရှိတဲ့ ဒေသခံ   တောင်သူလယ်သမား အယောက် ၇၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲဟာ                  တောင်သူ လယ်သမားများနှင့် လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများ အပြန်အလှန် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။