၇-၃-၂၀၁၂
မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လာမယ့် ဧပြီ(၁)နေ့မှာကျင်းပပြုလုပ်မယ့်
ကြားဖြတ်ရွေးကောက်ပွဲ အတွင်း မဲပေးနိုင်တဲ့ မဲဆန္ဒရှင် စာရင်းထုတ်ပြန်ခဲ့ရာ
ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ခြင်းမရှိတဲ့ သူတွေအမည်နဲ့
ကလေးငယ်တွေရဲ့အမည်တွေပါဝင်နေကြောင်း
စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရွေးကောက်ပွဲကော်မရှင်ကို
ကန့်ကွက်စာတင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို
အမြန်ဆုံးလာရောက် စုံးစမ်းစေချင်ကြောင်းကို မင်္ဂလာတောင်ညွန့်မြို့နယ်
၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အောင်နိုင်ရေးကော်မတီ တာဝန်ခံ ဦးခင်လှိုင်မှ ပြောပြထားပါတယ်။