Wednesday, March 7, 2012

မြစ်ဆုံအနီးမှ တန်ဖရဲရွာသားများကို နေရပ်ပြန်သဖြင့် ဖမ်းဆီး

ရန်ကုန်- မတ် ၆
မြစ်ဆုံစီမံကိန်းအနီးတွင်တည်ရှိသော တန်ဖဲရွာသို့ ပြန်လည်လာရောက်ကာ နေထိုင်နေသော       ရွာသား ၂၈ဦးကို ယနေ့ညနေ၄နာရီကမြစ်ကြီးနားသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းမျက်မြင်တွေ့ ရှိလိုက်သောဒေသခံများက ပြောသည်။
မြစ်ဆုံစီမံကိန်းကြောင့် ရေ၀ပ်မည့်ဧရိယာတွင်ပါရှိသော တန်ဖရဲရွာမှ နေထိုင်သူအားလုံးကို ရွာနှင့် ၁၀မိုင်ကျော်ကွာဝေးသော အောင်မြေသာ ကျေးရွာသစ်သို့ပြောင်းရွေ့နေရာချထားသော်လည်း ၀မ်းရေးအတွက် ဥယျာဉ်ခြံမြေများ စိုက်ပျိုးလုပ်ကိုင်ရန် ရွာသို့ပြန်လာသူများကို ယနေ့ညနေ ၂နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ရဲမှူးကြီးနှင့် ရဲတပ်ဖွဲ့ဝင်အချို့ရောက်လာကာ ညနေ၄နာရီခန့်တွင် ခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောကြားသည်။
မြစ်ကြီးနားသို့ခေါ်ဆောင်သွားသည်ကိုသာသိရှိရပြီး မည်သည့်နေရာသို့ခေါ်ဆောင်သွားကြောင်းမသိရှိရသေးဘဲ ခွင့်ပြုချက်မရှိဘဲ နေထိုင်ခြင်းကြောင့် ထိုသို့ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားသွားသည်ဟု ဒေသခံများကပြောကြားသည်။
ခေါ်ဆောင်သွားသော ၂၈ဦးတွင် ကချင်နှစ်ခြင်းအသင်းတော်မှ အသက်၇၀ကျော် သင်းထောက်တစ်ဦး အပါအ၀င် အမျိုးသမီးများနှင့် ကလေးငယ်များလည်းပါဝင်သည်ဟု သိရသည်။
ဒေသခံများကိုခေါ်ဆောင်သွားသော ခရိုင်အုတ်ချုပ်ရေးမှုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်လျှက်ရှိသော်လည်း ယခုထိ ဆက်သွယ်မရသေးပေ။
မြစ်ဆုံစီမံကိန်းကို ၂၀၁၀ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းကြောင့်ရေ၀ပ် ဧရိယာတွင်ပါဝင်မည့် ရွာ များကို မြစ်ကြီးနား-ဆွမ်ဘရာဘွမ်ကားလမ်းနံဘေးတွင် အောင်မြေသာ စံပြရွာအသစ်ဟု အမည်ပေးထားသောရွာအသစ်သို့ရွေ့ပြောင်းပေးခဲ့သော်လည်း ထိုနေရာမှာ စားဝတ်နေရေးအတွက် စိုက်ရေးပျိုးရေးအဆင်မပြေကြောင်း ထိုရွာတွင်နေထိုင်သောဒေသခံများကပြောသည်။ 7 Day News