Friday, March 2, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ပညာရေးရံပုံငွေနှင့် စာအုပ်စာတန်းများလှူဒါန်း.

ဖေဖော်ဝါရီလ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို လူမှုထောက်ကူမှ ဦးလှသိန်းနှင့်အဖွဲ့သည် ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေနှင့်အတူ ဖျာပုံမြို့နယ် အချာလေးကျေးရွာအုပ်စု စက်ဝကျေးရွာရှိ မြရောင်ခြည် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ထောင်စု တိုင်းရင်းသားများ ရန်ပုံငွေ နှင့် စာအုပ်စာတမ်းများကို သွားရောက်လှူဒါန်းခဲ့ပါတယ် ။ ထိုမှတဆင့် ၊ သမိန်ထောကုန်း ကျေးရွာ အဖွဲ့ချုပ်ရုံးသို့ဝင်ရောက်ခဲ့ပြီး ၊ ကြက်ဖမွေးဇောင်းကျေးရွာ ဗလသုခကျောင်းတိုက်မှ ဆရာတော် 
ဘဒ္ဒန္တ ဦးဥတ္တမ ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ပညာရေးရံပုံငွေနှင့် စာအုပ်စာတန်းများလှူဒါန်းခဲ့ပါတယ် ။