Saturday, March 24, 2012

အစိုးရအဖွဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ဖို့ အားနည်း


 ပြည်ထောင်စု လွှတ်တော်ကနေ ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ဖို့ အားနည်းနေသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မနေ့က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
လစာနှုန်းထားတွေကို ပြင်ပြီးခါမှ လျော့ယူတဲ့ ကိစ္စ ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်တယ်  အငြိမ်းစားဝန်
ထမ်းများရဲ့ ပင်စင်လစာကို တိုးမြှင့်ပေးခြင်းနဲ့ ပတ်သက်တဲ့ ကိစ္စ စသည်တို့ သည် ဥပဒေအရ
ဆောင်ရွက်ရာတွင် လိုက်နာမှုအားနေသည်ဟု ပြောဆိုသွားသည်။

မြန်မာနိုင်ငံ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိုယ်စားလှယ်ကတော့ ဖောက်ဖျက်ကျူးလွန်မှုတွေ
ရှိနေတယ်ဆိုတာ အခြေအမြစ်မရှိ၊ မဟုတ်မမှန် လုပ်ကြံထားတဲ့ တဖက်သတ် စွပ်စွဲချက်တွေ သာ ဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖျက်လို ဖျက်ဆီးလုပ်နေတာသာ ဖြစ်တယ်
လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေတွေအပေါ် နောက်ထပ်
တစ်နှစ် ဆက်လက် စောင့်ကြည့်လေ့လာဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သောကြာ
နေ့က ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် အဆက်ဆက် လူ့ အခွင့်အရေးတွေ ရှိနေတာသိသိနဲ့ 
အစိုးရဘက်ကိုကာကွယ်ပြီးပြောဆိုနေတာတွေဟာ မြန်မာပြည် လူ့ အခွင့်အရေးတိုးတက်အောင်
ဆောင်ရွက်မှုတွေကို အဟန့် အတားဖြစ်စေခဲ့ပါတယ်။ ပြည်သူတွေရဲ့ အခွန်နဲ့ လစာစားနေတဲ့
ဝန်ထမ်းတွေအနေနဲ့  ပြည်သူတွေကို စော်ကားရာရောက်သည့်အပြင် ပကတိ လက်ရှိအခြေအနေ
ကိုလည်း ဖုံးကွယ်ရာရောက်သည့်အတွက် ဥပဒေချိုးဖေါက်တာဖြစ်ပြီး တိုင်းပြည်နစ်နာနေရပါတယ်။
တိုင်းပြည်လစာစား ၀န်ထမ်းများအနေဖြင့် သစ္စာတရားလက်ကိုင်ထားပြီး မလိမ်မ၀ှက် တိုင်းပြည် ကိုယ်စားပြုပြီး အမှန်တရားကိုတင်ပြဆွေးမည်ဆိုလျှင် လက်ရှိအခြေအနေတွေကို ပြုပြင်ပြောင်းလဲ အဖြေရှာနိုင်မည်ဖြစ်ပေသည်။

အစိုးရအဖွဲ့  မိမိ၏ ရာထူးဂုဏ်ကိုမက်မောပြီး အမှားတွေလုပ်ခဲ့လို့  တိုင်းပြည်ဟာ ယနေ့ 
အထိ နလံမထူနိုင်တာဖြစ်ပေသည်။ဝန်ထမ်းများ ဘက်လိုက်မှု အကတိလိုက်စားမှု ဥပဒေ
ကို မလေးစားဘဲ ချိုးဖေါက်နေတာတွေကို အထူးစုံစမ်းစစ်ဆေးပြီး လွှတ်တော်မှာဆွေးနွေး
တင်ပြကာ အကျင့်ပျက်ဝန်ထမ်းနှင့် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တားချစားမှု တွေကို ဖေါ်ထုတ်
ဆွေးနွေးနိုင်မှသာ တိုင်းပြည်သည် ဖွင့်ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောဆိုထားသည့်အတိုင်း ဥပဒေကိုလေးစားလိုက်နာ၍ ဥပဒေစိုးမိုးသည့် နိုင်ငံ
ဖြစ်လာရန် လွှတ်တော်နှစ်ရပ်စလုံးတွင် တာဝန်ရှိပါသည်။