skip to main |
skip to sidebar
၆-၃-၂၀၁၂ ““ဒီမြို့နယ်မှာ
အထူးသဖြင့် ၀န်ထမ်းတွေများတာကြောင့် ၀န်ထမ်းတွေနဲ့ပတ်သက်လို့
ကျွန်မပြောချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အဆင့်မြင့်ဖို့၊ တိုးတက်ဖို့ဆိုရင်
ဝန်ထမ်းတွေအဆင့်မြင့်ဖို့၊ သိက္ခာရှိဖို့လိုတယ်။ အဆင့်မြင့်မြင့်
သိက္ခာရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတာဟာ အုပ်ချုပ်မှုစနစ်၊
ဥပဒေရေးရာစနစ်အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ၀န်ထမ်းတွေရဲ့ဘ၀ဟာ
လုံခြုံမှုမရှိဘူး။ လုံခြုံမှုနှစ်မျိုး မရှိဘူး။ တစ်မျိုးက လစာဝင်ငွေအရ
လုံခြုံမှုမရှိဘူး။ တစ်မျိုးက ဥပဒေအရ လုံခြုံမှုမရှိဘူး။ အထက်အရာရှိမကြိုက်ရင် အလုပ်ကအချိန်မရွေးပြုတ်သွားနိုင်တယ်။
ဆင်းရဲမွဲတေမှုက လွတ်မြောက်ဖို့အတွက် ဥပဒေ စိုးမိုးရေးက
တစ်စိတ်တစ်ပိုင်းပါဝင်တယ်။ အစိုးရဆိုတာ ပြည်သူကိုကာကွယ်ရမယ်။ ပြည်သူဘက်က
ရပ်တည်ပေးရမယ်။ ပြည်သူကို လုံခြုံအောင်ထားရမယ်”” ဒေါ်အောင်ဆန်းစုကြည်က
ဇဗ္ဗူသီရိမြို့နယ်လယ်ကွင်းပြင်တွင် ပြုလုပ် ခဲ့သော လူထုဟောပြောပွဲ၌ ပြောကြားခဲ့သည်။ 7 Day News