Tuesday, March 6, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၁၈) ရပ်ကွက် ပါတီရုံးခန်းဖွင့်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် (၁၈) ရပ်ကွက် ပါတီရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ်တင်ပွဲအခမ်း အနားကို မတ်လ (၄) ရက်နေ့က ၁၈ ရပ်ကွက် ၊ ဇာဒက်ကြီးကျွန်းလမ်းမှာ ဖွင့်လှစ် ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးစိုးမြင့် ၊ မြို့နယ်တာဝန်ခံ ဦးသောင်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်သူလူထု ၁၀၀ ခန့်တက်ရောက်ခဲ့ကြပါတယ်။တက်ရောက်လာသူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ကျဆုံးခဲ့ကြရတဲ့ ရဟန်းရှင်လူပြည်သူတွေအတွက် အမှတ်တရဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သက်ဂါဝရ ပြုခဲ့ကြပါတယ်။ဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့ပြောကြားချက် အမည်နဲ့ အသံသွင်းထားတဲ့ မိန့်ခွန်းတိပ်ခွေကို တက်ရောက်လာတဲ့ပရိသတ်တွေကို ဖွင့်ပြခဲ့ပါတယ်။
Posted by
mya thein