ချင်းမိုင်၊ မတ်၂၄
ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ဂေါက်ကွင်းဖွင့်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေစဉ် ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး ကရင်အမျိုးသား လူငယ် အလုပ်သမား တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ချင်းမိုင်မြို့ရှိ The Voice Weekly သတင်းထောက်မှ သတင်းရရှိသည်။
နံနက် ၇ နာရီတွင် ဂေါက်ကွင်း ကျင်းအမှတ် ၁၃ တွင် ပေါက်ကွဲခဲ့ပြီး နံနက် ၈ နာရီတွင် ဂေါက်ကွင်းဖွင့်ပွဲ ပြုလုပ်မည့် ခန်းမရှေ့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။