မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ဖို့ ကြိုးစားရာမှာ မြန်မာပြည်သူတွေဟာ
စိတ်အားထက်သန်နေကြပါတယ်။နှစ်ပေါင်း ၆၀ ကျော် အာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ခဲ့
ကြရတဲ့ ပြည်သူတွေ ဖိနှိမ့်မတရားအနိုင်ကျင့်မှုတွေကို ခံခဲ့ကြရပါတယ်။ထင်ရှားတဲ့သာဒက ကတော့
၈၈ ကျောင်းသားခေါင်းဆောင်တွေကို မတရားတဲ့ ဥပဒေတွေနဲ့  ဖမ်းဆီးခဲ့တာ လယ်ယာမြေတွေကို
မတရားသိမ်းပိုက်ခံရတာ လူ့ အခွင့်အရေးချိုးဖေါက်ခံရတာတွေ အများအပြားရှိပါတယ်။ ဒီလိုစနစ် ဆိုးကြီးအောက်မှ လွတ်မြောက်ရန်ပြည်သူများ လိုလားကြတာတွေ့ မြင်ကြရပါတယ်။
အရင်နှစ်တွေနဲ့ မတူဘဲ ၂၀၁၂ နှစ်မှာ ပြည်သူ့ အသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာရပါ
ပါတယ်။
ဒီမိုကရေစီဆိုတာ ပြည်သူတွေရဲ့ သဘောထားကို စိစစ်ပြီး၊ ပြည်သူတွေရဲ့သဘောထားကို လေ့လာပြီး၊
ပြည်သူတွေရဲ့ ဆန္ဒတွေကို နားထောင် ပြီးမှ ဆုံးဖြတ်ချက်တွေနဲ့  ဖေါ်ဆောင်ရတဲ့
စနစ်ကို ဒီမိုကရေစီစနစ်လို့  ခေါ်ဆိုပါတယ်။အစိုးရက မိမိလုပ်ချင်တာကို ထင်သလိုလုပ်တာဟာ
ဒီမိုကရေစီစနစ်မဟုတ်ပါဘူး အာဏာရှင်စနစ်ဖြစ်ပါတယ်။ပြည်သူတွေဟာ မိမိတို့ ၏ ဆန္ဒ မိမိတို့ 
ခံစားချက် မိမိတို့ အပေါ်မတရားလုပ်မှုတွေရှိရင် ရဲရဲဝင့်ဝင့် ထုတ်ဖေါ်ပြောဆိုမှ အများသိရှိပြီး
အစိုးရနားထဲရောက်မှ လွှတ်တော်မှာ ဆွေးနွေးတင်ပြကြရပါတယ်။
ပြည်သူတွေဟာ အင်တာနက် ဗီဒီယို မေးလ် ဖေ့လ်ဘုတ် စသည့်စပီကာတွေကို များများသုံးလာကြ တာ တွေမြင်နေရပါတယ်။လာမည့်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မည့် အသံကြားရထဲက ပြည်သူတွေ နှိုးနှိုးကြားကြား ရှိလာကြပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို လည်း သိန်နဲ့ ချီတဲ့ပြည်သူတွေ ကြိုဆိုကြပြီး စုဝေးလာကြတာတွေ့ မြင်ရပါတယ်။စာပေ ဂီတ သတင်း စသည် တို့ လည်းအထိုက်အလျှောက် လွတ်လပ်လာတာတွေ့ ရပြီး ပြည်သူတွေ အကြောက်တရားကို ရင်ဆိုင်ရဲတဲ့သတ္တိတွေပြလာတာမြင်တွေ့ ရ၍ မသမာမှုတွေကို ထင်ထင်ရှားရှားဖေါ်ထုတ်နေကြကာ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားနေကြပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ တွေ လာရောက်ဖို့  မြန်မာ အစိုးရကဖိတ်ခေါ်ထားရာမှာ အမေရိကန်နဲ့ အီးယူ အာဆီယံ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ တွေလာရောက် လေ့လာကြမှာဖြစ်ပါတယ်။ဒါအပြင်စံနှုန်းပြည့် ရွေးကောက်ပွဲ
စောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့နေရာမှာ
ကြိုတင် စီစဉ်ဆောင်ရွက် တာတွေ၊ ရွေးကောက်ပွဲနောက်ပိုင်း
ဆက်ပြီးလုပ်ဆောင်ရမှာတွေ၊ အမှန်တကယ် လိုအပ်တယ်လို့ လည်း အမေရိကန်
နိုင်ငံခြားရေး ဌာနက ပြောဆိုထားပါတယ်။ဒီနေရာမှာ အရေးကြီးတာက ပြည်သူတွေရဲ့  အခန်းကဏ္ဍဖြစ်ပါတယ်။
လာရောက်လေ့လာသူတွေကို တိကျမှန်ကန်တဲ့ အချက်အလက်တွေပေးနိုင်ဖို့  မတရားတဲ့ လုပ်ရပ်
မျိုးတွေကို စောင့်ကြည့်ရမည်ဖြစ်ပြီး စနစ်တကျတင်ပြရပါမယ်။ပြည်သူတွေ စစ်မှန်တဲ့ဒီမိုကရေစီ
စနစ်ကိုလိုလားတယ်ဆိုတာကို ပြသနိုင်ဖို့  နိုင်ငံတကာဆောင့်ကြည့်လေ့လာရေးအဖွဲ့ တွေ လာရောက် တဲ့အချိန်မှာ အခွင့်အရေးကိုအသုံးချပြီး ၂၀၁၀ တုံးကလို မဖြစ်ရအောင် မဲလိမ် မဲခိုးနဲ့  ကြိုတင်မဲတွေ မှန်ကန်မှုရှိမရှိ စီစစ်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။