Sunday, March 11, 2012

ဆင်းရဲသူ နိုင်ငံသားတွေရဲ့ ဘ၀ လုံခြုံမှုကင်းမဲ့



၁၁-၃-၂၀၁၂
အခု တဲစုလေးတွေက ရွှေပြည်သာက ကျူးကျော်တဲစုအိမ်လေးတွေပါ..။အဲ့ဒီ အိမ်စုလေးတွေမှာ အိမ်ခြေ ၉၈ အိမ်ရှိပြီးတော့ ဘုစုခရု မပါ လူ အယောက် ၄၀၀ ကျော်စုပေါင်းနေထိုင်နေကြပါတယ်..။ သူတို့ ကိုယ်တိုင် ကလည်း သူတို့ ကျူးကျော်နေ နေမှန်း သိကြပါတယ်။ ဒါပေမဲ့ မတ် ၂၃ ရက် နောက်ဆုံးထားပြီးဖယ်ပေးရမယ် ။မဖယ်ပေးရင် ဘူဒိုဇာနဲ့ လာထိုးမယ် လို့ အပြောခံထားရပါတယ်။ အားလုံးကြောက်နေကြပါတယ်..။ သူတို့ အဲ့နေရာမှာ အပြီးမနေချင်ပါဘူး။ ဒါပေမဲ့ ပြောင်းရွှေ့ဖို့အတွက် အချိန်နည်းနည်းလောက် ထပ်တိုးပေးစေချင်နေကြပါတယ်..။ အဲ့နေရာမှာ သူတို့နေလာတာ ၉ နှစ်ကျော်ကြာနေပါပြီ။ ခုမှ ချက်ခြင်းကြီးပြောင်းခိုင်ခံရတဲ့ အပေါ်မှာ အားလုံး အံ့အားသင့်နေကြပါတယ်။ သူတို့က ကျဘမ်း အလုပ်သမားတွေပါ။ ငွေကြေးလည်း အများကြီးမရှိကြပါဘူး။ မြေနေရာကိုလည်း အပိုင်မလိုချင်ပါဘူး။ အစဉ်ပြေအောင် ရက် ကလေးကိုပဲ တိုးပေးစေချင်တာပါ။ မကြာမှီမှာ မွေးတော့မဲ့ ကိုယ်ဝန်ဆောင်တွေ၊ ၁၀ တန်းစာမေးပွဲဖြေရမဲ့ ကလေးတွေလည်း ရှိနေပါတယ်။
ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီ သမတကြီး ဦးသိန်စိန်မှ  ပြည်သူသာအမိ ပြည်သူသာအဖ လို့  မဲဆွယ်ထားသော်
လည်း(တသက်လုံးမပြောဘူးတဲ့ စကားကိုသုံးထားသည်)တကယ်တော့ ပြည်သူဘက်မှ မရပ်တည်ပါ။
ဗိုလ်ချုပ်ကြီးတွေ အဂတိလိုက်စားထားတဲ့ငွေနဲ့ အိမ်ယာတွေ အပေါ်မှတော့ဥပဒေမရှိဘူးလား။ဆင်းရဲတဲ့
ပြည်သူ တွေကို ဥပဒေကိုလိုရာစွဲသုံးပြီး မဖယ်ပေးရင် ဘူဒိုဇာနဲ့ လာထိုးမယ်တဲ့ ပြည်သူသာအမိ ပြည်သူ
သာအဖဆိုတာ လီဆယ်ပြောတာ ပြည်သူတွေကို ဖိနှိပ်နေတာသာဖြစ်ပါတယ်။