Saturday, March 10, 2012

ဝန်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ ရှိ

ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်သူ့လွှတ်တော်ငွေစာရင်းကော်မတီ ထံသို့ ပေးပို့သောအစီရင်ခံစာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်း ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အမှတ် (၁) စက်မှုဝန်ကြီး ဌာနနှင့်အမှတ် (၂) 
စက်မှု ဝန်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစား မှုများနှင့် ငွေစာရင်းမမှန်မကန် ဖော်ပြ မှုများပါဝင်
ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မှ ရွေးချယ်တင်မြှောက်ခံရသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်။

ပြန်ကြားရေးဝန်ကြီးဌာန ၏ ငွေ အလွဲသုံးစားပြုမှုများတွင် ဘဏ်သို့ပေး သွင်းထားသည့် နိုင်ငံပိုင်သတင်းစာများ ရောင်းချရငွေ ကျပ်သိန်းပေါင်းနှစ်ထောင့် ငါးရာရှစ်ဆယ်

ကျော်ကို ဌာနစာရင်းသို့ ပြန်လည်ပေးသွင်းခြင်းမပြုဘဲ အလွဲသုံးစား ပြုလုပ်ထားပြီး စာရင်းစစ်ချုပ်ရုံး
က စစ်ဆေးတွေ့ရှိသဖြင့် ကျပ်သိန်းပေါင်း တစ်ထောင့်ငါးရာကျော်ကိုသာ ပြန်လည် ပေးသွင်း
ခဲ့ကြောင်း, အမှတ် (၁)စက်မှု ဝန်ကြီးဌာန၏ ငွေကြေးအလွဲသုံးစား မှုများတွင် ရသာချိုခေါက် ဆွဲခြောက် ပြုလုပ်ရန် မီးထိုးဆီဂါလန် နှစ်သိန်း ကျော်ကို ချောက်ရေနံချက် စက်ရုံမှထုတ် ယူပြီး ပြင်ပသို့လက်လွဲရောင်းချခြင်း၊ သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၏ မုံရွာကြေးနီစီမံ ကိန်း၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း အား ဒေါ်လာသန်းတစ်ရာဖြင့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချ ခဲ့သည့်ဖြစ်စဉ်တွင် ငွေပေးချေမှုများ၌ ဦးပိုင်လီမိတက်ကပေးချေရမည့်
အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးချေခဲ့ခြင်း စသည့်ဖြစ်စဉ်များ ပါဝင်ကြောင်း ရှမ်းတိုင်းရင်းသား
များ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်။

ငွေစာရင်း မမှန်မကန်ဖော်ပြမှုများ တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ 


၁၀-၃-၂၀၁၂
စက်မှုဝန်ကြီးဌာန များ၏ ကျပ်သိန်းပေါင်းထောင်ချီ အရှုံး ပေါ်နေသည့် စက်ရုံလုပ်ငန်းများ အမြတ်ငွေ ရရှိသည်ဟု လိမ်လည်ဖော်ပြ ခြင်း၊ အရှုံးငွေပမာဏ လျှော့၍ ဖော် ပြခြင်းများပါဝင်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးမှ ရွေးချယ်တင်မြှောက်ခံရသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောကြားသည်။

ငွေကြေးအလွဲသုံးစားမှုများနှင့် ငွေစာရင်းမမှန်မကန်ဖော်ပြမှုများမှာ ယခု ဘဏ္ဍာရေးနှစ်တွင်မှဖြစ်ပွား

ခဲ့ခြင်း မဟုတ်ဘဲ ယခင်အစိုးရလက်ထက် ၂၀ဝ၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှစတင် ကာ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ ငွေစာရင်းကော်မတီဝင်တစ်ဦးကဆိုသည်။

"ပြည်ထောင်စုစာရင်းစစ်ချုပ် က အရင်အစိုးရလက်ထက်တုန်းက စာရင်းစစ်ချုပ် လုပ်ခဲ့တဲ့သူပါ။ အရင်နှစ်တွေ တုန်းက မတွေ့ဘဲ ဘာလို့အခုမှတွေ့တာလဲ မသိဘူး၊ မြစ်ရေတင်စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သုံးသပ်ချက် အစီရင်ခံစာကို တင်သွင်းပေးခဲ့ပါတယ်" ဟု ပြည်သူ့လွှတ်

တော် ကိုယ်စားလှယ် တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက် ၍ ပြည်သူ့လွှတ်တော်ငွေစာရင်းကော် မတီက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် များအား တွေ့ဆုံမေးမြန်း၍ ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ တင်ပြပေး သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီဝင်တစ်ဦးက ဆိုသည်။