Saturday, March 10, 2012
ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်ပြောဆိုမှု လက်မခံ
၁၀-၃-၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေ မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်
ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဦးကိုကို က ပြောပါတယ်။  ဒါပေမယ့် NLD ပါတီဘက်ကတော့  ပါတီလှုပ်ရှားမှုတွေ
ဟာ ဥပဒေဘောင် အတွင်းကသာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
နိုင်ငံတကာ ဥပဒေတွေမှာတော့ ရွေးကောက်ပွဲ။ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ပါတီခေါင်းဆောင်
တွေနဲ့ အတူ ရွေးချယ်ခံမဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မဲပေးဖို့ အတူမဲဆွယ်နေကြတာတွေ့ ရပါ
တယ်။မြန်မာနိုင်ငံမှာတော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ရေးဆွဲတာဖြစ်လို့ 
ဒီမိုကရေစီ စံနှုန်းမပြည့်တာတွေ့ ရပါတယ် (ပြောရရင်တော့ အတုအယောင် ဒီမိုကရေစီ)ပေါ့ ဒါကြောင့်
ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲ ဥပဒေတွေနဲ့ မညီဘူးလို့ ပြောရရင် ၂၀၀၈
 ပြည်သူ့ ဆန္ဒခံယူပွဲတုံးက ကြံ့ဖွတ်က အားကစားကွင်းတွေ ပန်းခြံတွေကိုအသုံးပြုခဲ့ပြီး အခုကြတော့ သုံးခွင့်မပေးတာ ကော်မရှင်ကခွင့်ပြုပြီးမှ ပြန်ရုပ်သိမ်းတာ မြို့ ပြင်လယ်ကွင်းမှာတောင် ပိုင်ရှင်ကခွင့်ပြု
သောလည်း အုပ်ချုပ်ရေးရုံးက ကန့် ကွက်တာ မဲစာရင်းတွေမှားနေတာ ကြိုတင်မဲမှားယွင်းမှုတွေရှိခဲ့
တာဘာကြောင့် ဥပဒေနဲ့ မညီဘူးလို့   ရွေးကောက်ပွဲကော်မရှင်ကမပြောဒါလဲ စဉ်းစားစရာတွေဖြစ်နေ
ဦးသိန်းအောင် က ကြံ့ဖွံ့ ပါတီအတွက် မဲဆွယ်စည်းရုံးပေးနေကြောင်း စုံစမ်းသိ ရှိရပါတယ်။
  ရွေးကောက်ပွဲကော်မရှင်က ဘက်လိုက်နေတာလား တရားမျှတမှုရှိဖို့ တော့လိုပါတယ်။
နောက်တခုပြောချင်တာက ကြံ့ဖွတ်နဲ့  ရွေးကောက်ပွဲကော်မရှင်က အထင်လွဲနေတာက ဘောလုံး
ကွင်းနဲ့ ပန်းခြံ မိုင်နာကွင်းတွေဟာ နိုင်ငံပိုင်တွေပါ။ အစိုးရပိုင်မဟုတ်ပါဘူး အာဏာရှင် နှစ် ၅၀ ကျော် အုပ်ချုပ်ခဲ့တော့ မိမိပိုင်လို့ ထင်ကြမှာပေါ့။နိုင်ငံပိုင်ကို အားကစားဝန်ကြီးက ကန့် ကွက်တယ်ဆိုတာ
ရှက်စရာကောင်းပါတယ်။ အခုလို ဥပဒေတွေက အမျိုးမျိုးဖြစ်နေတာတွေကို ရွေးကောက်ပွဲကော်မရှင်
က ချိုးဖေါက်နေတာဖြစ်ပါတယ်။လုပ်နေသူတွေက မသိပေမဲ့ ပြည်သူတွေကတော့ အသိဥာဏ်
ရှိလို့ သိနေကြပါတယ်။
ရွေးကောက်ပွဲ တရားမျှတမှုမရှိရင်တော့ ပြည်သူတွေကစောင့်ကြည့်နေပြီး အမျိုးမျိုးဝေဖန်ပြောဆိုကြ
မယ်ဆိုတာ သတိချပ်ဖို့ လိုအပ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကို အသိပေးလိုက်ရပါတယ်။