Monday, March 12, 2012

ဒီမိုကရေစီစနစ် အောင်နိုင်ရန် တပ်မတော်ပါဝင်ရန်
လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှု

 ၁၂-၃-၂၀၁၂
ကျွန်တော်က တပ်မတော် စစ်အင်ဂျင်နီယာတစ်ယောက်ပါ။ ဒေါ်စုပြောတဲ့ ဒီမိုကရေစီအရေးအတွက် တပ်မတော် ပါဝင်သင့်သည်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ မကြာခင်လာတော့မဲ့ ကြိုတင်မဲမှာ ကျွန်တော် NLD ကို မဲပေးမှာပါ။ ဘာကြောင့်လဲ ဆိုတော့ အကြောင်းရင်း များစွာရှိပါတယ်။ ကျွန်တော်
တို့  အပတ်စဉ်မှာ ၀န်ကြီးသားများတွေ ဗိုလ်ချူပ်သားတွေ များစွာပါပါတယ်။ သူတို့ ဖခင်တွေ ဘာလို့ လူကြီးတွေ ဖြစ်လာတာလဲလို့  ကျွန်တော် လေ့လာကြည့်ဖူးပါတယ်။ ဦးသန်းရွေနဲ့ 
က တပ်ရင်း တစ်ရင်းထဲ အတူတူ ထမ်းဆောင်ခဲ့ဖူးတာတို့ ။ ဦး မောင်အေးနဲ့  တစ်ပတ်စဉ်ထဲတို့  ဆိုတဲ့အသံတွေပဲ ကြားခဲ့ရတယ်။ ကျွန်တော် စိတ်မကောင်းခဲ့ပါဘူး။ ကျွန်တော်ကြားချင်တာ သိပ်တော်လို့ ။သိပ်ကျွမ်းကျင်လို့ ။ သိပ် အလုပ်လုပ်လို့  ဆိုတဲ့ အသံတွေပဲ ကြားချင်ခဲ့တာပါ။ အဲလိုဖြစ်လာတဲ့ လူကြီးတွေနဲ့ ပြသနာတစ်ခု ကြုံခဲ့ဖူးပါသေးတယ်။


ရေကြောင်းအင်ဂျင်နီယာ တွေ ဆွဲထားတဲ့ ဒီဇိုင်းမှာသဘော် mast တိုင် က ရှည်နေလို့ ဆိုပြီး လူကြီးက တစ်ဝက်ဖျက်ခိုင်းခဲ့တယ်။ ကျွန်တော် တော်တော် လေး ၀မ်းနည်းခဲ့တယ်။ လူကြီးက Bsc ဘွဲ့ ပါ။ ဒီဇိုင်းလုပ်ထားတဲ့သူတွေက Phd( Naval architecture) တွေပါ။ အဲဒီ ဒီဇိုင်း ကို ၃ လလောက် ship software အမျိုးမျိုး သီအိုရီ အမျိုးမျိုး Laws အမျိုးမျိုး နဲ့ ချိန်ကိုက် တွက်ချက်ခဲ့၇တာပါ။ ကျွန်တော် ဆိုလိုချင်တာက ဘာမှ မသိတဲ့ တစ်ယောက် ခေါင်းဆောင်ဖြစ်လာတာဟာ အဖွဲ့ အစည်းတစ်ခုလုံးကို သတ်လိုက်သလိုပါပဲ။အဲဒီလိုပဲစည်ပင် ၀န်ကြီးက Bsc ၊ လျပ်စစ်ဝန်ကြီး ….၊ စွမ်းအင်ဝန်ကြီး၊ သူတို့ ဘာ

သိ နိုင်မလဲ။ လုံးဝ မသိဘူးလို့ တော့ မဟုတ်ပါဘူး။ အပေါ်ယံလောက်သိမှာပါ။ ဖော ဖိန့် ဆိုတာ တပ်မတော်ထဲမှာပါ အဆင်ပြေမှာပါ။

ဘာကြောင့်လဲ ဆိုတာ တပ်မတော်မှာ တသွေး တသံ တမိန့် ပဲလေ။ ဒါမှလဲ စစ်နိုင်မှာလေ။ စစ်ခေါင်းဆောင် တစ်ယောက် ဟာ ၀န်ကြီး မဖြစ်ထိုက်ဘူးလို့  ကျွန်တော် သုံးသပ်ချင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ သူ့ နဲ့ မသက်ဆိုင်သလို သူဖြတ်သန်းခဲ့၇တဲ့ ပတ်ဝန်းကျင်လဲ မဟုတ်ဘူးလေ။
အဲဒီအတွက် အဲဒီဝန်ကြီးဌာန အဖွဲ့ အစည်းဟာ မအောင်မြင်နိုင်ဘူး။ တပ်မတော် ဟာ တပ်မတော် အလုပ်ပဲ လုပ်တာ ကောင်းပါတယ်။ လက်ရှိ တပ်မတော်ရဲ့ အင်အား၊ တပ်မတော်ရဲ့ စွမ်းအားဟာ မိမိ

နိုင်ငံကို ကာကွယ်နိုင်တဲ့ အရည်အသွေး ရှိနေပါပြီ။ တပ်မတော် အတွက် ကုန်ကျမဲ့ ငွေတွေ ၊ အသုံးစရိတ်တွေအစားနိုင်ငံဖွံ့ ရေးလုပ်ငန်းအတွက် အဓီက အခြေခံဖြစ်တဲ့ ပညာရေး မှာ သုံးစွဲ သင့်တယ်လို့ ယူဆပါတယ်။ အိမ်အောက်က ရေနံ ထွက်တယ် ဆိုရင်တောင် တူးဖော်တက်တဲ့ နည်းပညာရှိဖို့ လိုတယ်လေ။ အဲဒီအတွက် ပညာရေးကို တိုးတက်အောင်လုပ်ပေးနိုင်မဲ့ နိုင်ငံခေါင်းဆောင်ကောင်းတွေ တက်လာပါစေ။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မဲ့ အစိုးရ အဖွဲ့ ဟာ တရားမျှတပြီး ခေတ်မိဖွံဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်အောင် ဆောင်ရွက်ပေးနိုင်မဲ့ အစိုးရဖြစ်လာလိမ်မယ်လို့ မျှော်လင့်ပါတယ်။
weekly eleven

http://www.weeklyeleven.com/index.php?option=com_content&view=article&id=12689%3A2012-03-07-07-36-13&catid=42%3A2009-11-10-07-36-59&Itemid=112