Monday, March 12, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မော်လမြိုင် တက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှ ခွပ်ဒေါင်းပေးအပ်


၁၀ ရက်နေ့ ရာမညဋ္ဌာနီ မော်လမြိုင်မြို့ ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေး
ဆင်းခဲ့ရာ တိုင်းရင်းသားများ ပြည်သူများ ကျောင်းသားများ သိန်းနဲ့ ချီသည့် လူထု ပရိသတ်ကြီးက ကြိုဆိုခဲ့ကြပါတယ်။ဒီမြင်ကွင်းတွေ ကမ္ဘာကသိနေပါပြီ..တက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှ လူထုခေါင်းဆောင်အား ကြိမ်နဲ့ ယက်ထားတဲ့ ခွပ်ဒေါင်းကို ဒေါ်အောင်ဆန်းစုကြည်အား လက်ဆောင်   ပေးအပ်ခဲ့ပါတယ်။
“နိုင်ငံ တနိုင်ငံရဲ့ သွေးစည်းညီညွတ်မှု ဆိုတာ အထက်က ဥပဒေနဲ့ လုပ်ယူလို့ မရပါဘူး။   အောက်က ပြည်သူလူထုရဲ့ ၀ိုင်းဝန်းပါဝင်မှုနဲ့ပဲ လုပ်ယူလို့ရတယ်။ အဲဒါကြောင့်မိုလို့ အချင်းချင်း ဒီလို သွေးစည်းညီညွတ်မှု ဆောက်တည်နိုင်တဲ့ ပြည်နယ်မှာ ကိုယ့်ရဲ့ နိုင်ငံသား တာဝန်တစ်ခုအနေနဲ့ လုပ်ပြီးတော့ ကြိုးစားကြပါ။ သွေးစည်း ညီညွတ်ရေးအတွက် ကြိုးစားကြပါလို့ ကျမက မေတ္တာရပ်ခံ ချင်ပါတယ်။” (ဒေါ်အောင်ဆန်းစုကြည် - မော်လမြိုင် မိန့်ခွန်း)