Wednesday, March 28, 2012

ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ပင်စင်လစာက သိန်းတရာ တပ်မတော်သားများက တလ ၃ သောင်း


ဗိုလ်သန်းရွှေ ပင်စင်ယူတဲ့နေ့ကို ၂၀၁၁ မတ်လ ၃၁ ရက်နေ့လို့ အဲဒီမှာ ရေးထားပါတယ်။ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီး နောက်တနေ့မှာ ဗိုလ်သန်းရွှေ ပင်စင်ရသွားတာ ဖြစ်ပါတယ်။

အဲဒီစာမှာ ဖော်ပြထားချက်အရ ဆိုရင် ဗိုလ်မောင်အေးလည်း အဲဒီနေ့မှာ နားပါတယ်။ ပင်စင်ငွေပမာဏကလည်း တပ်ချုပ်ကြီးဟောင်းနဲ့ မတိမ်းမယိမ်း ရပါတယ်။

ဗိုလ်အောင်ထွေး၊ ဗိုလ်ရဲမြင့်၊ ဗိုလ်ခင်မောင်သန်း၊ ဗိုလ်ကျော်ဝင်းတို့ရဲ့ ပင်စင်လစာက ခြောက်သိန်း   ကျော်ပါတယ်။
ခြောက်သိန်းပဲ ဆိုတော့ နည်းတယ်လို့ မပြောနိုင်ပါဘူး။ တခြားဗိုလ်ချုပ်တွေက တသိန်းကျော်ပဲ ရလို့ပါ။

ထူးခြားချက်နောက်တခုကတော့ ဗိုလ်ခင်ညွန့်၊ ဗိုလ်ဝင်းမြင့်တို့ ၂ ယောက်ကို ပင်စင် ခံစားခွင့်မပြုတာ

ပါပဲ။
တပ်မတော်သားတွေပင်စင်ကတော့ တလ ၃သောင်းဖြစ်ပါတယ်။