skip to main |
skip to sidebar
အစိုးရဌာနများ
မီဒီယာအပေါ်တရားစွဲဆိုခြင်းကိစ္စရပ်များနှင့် ပတ်သက်ပြီး တရားစီရင်ရေး၏
အခန်းကဏ္ဍသည် စောင့်ကြည့်ရမည့် ကြောင်းရင်း တစ်ရပ်ဖြစ်လာကြောင်း လေ့လာသုံးသပ် သူများနှင့် ပညာရှင်အချို့ကပြောသည်။ ယခုတစ်လော ဖြစ်ပွားပေါ်ပေါက်လာသည့်
မီဒီယာ များနှင့်အစိုးရဌာနများ၏ တရားရေးရာ အကြောင်း အချက်များပေါ်အခြေခံ၍
ထိုကိစ္စရပ်များ အတွက် အဓိကအခန်းကဏ္ဍတွင်ရှိနေသူသည် တရားရေးဖြစ်ခြင်း ကြောင့်
ပေါ်ပြူလာ နယူးစ် ဂျာနယ်မှ ယင်းဖြစ်စဉ်များအတွက် တရားရေးရာနှင့်
တရားရေးမဏ္ဍိုင်သည် စောင့် ကြည့်ရမည့် အကြောင်းအချက်အဖြစ်ထင်မြင်မိပါသလားဟု
မေးမြန်းခဲ့သည်တွင် ယင်းတို့မှ တညီတညွတ် ထဲ
အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ယနေ့ကာလတွင် လွှတ်တော်တွင်း၌
လည်းဥပဒေပြုခြင်းများ၊ပြဌာန်းခြင်းများ ဖော်ဆောင်လျှက်ရှိခြင်း ကြောင့်
တရားဥပဒေ စိုးမိုးရေးသည် နိုင်ငံတွင်း၌ အဓိကအရေးပါလာသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး
ပြဌာန်းဖော် ဆောင် သည့် ဥပဒေများအား လိုက်နာဆောင်ရွက်မှုအရှိလျှင် ဥပဒေသည်
ဥပဒေအတိုင်းသာ ရှိနေ မည်ဖြစ် ကြောင်း၊တရားဥပဒေစိုးမိုးရေးနှင့်
တရားရေးမဏ္ဍိုင်သည်ဘက်လိုက်မှုရှိမည်၊ ဖိအားဖြင့် ဆုံးဖြတ်မည်ဆိုလျှင်
ယနေ့ဒီမိုကရေစီ အကူးအပြောင်းကာလတွင် မလိုလားအပ် အဖြစ်ပွားအပ် သည့်
ကိစ္စရပ်များဖြစ်ပေါ်လာနိုင်ပြီး အများကလည်းလက်ခံမည်မဟုတ်ကြောင်း
အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။ “ တရား
ဥပဒေစိုးမိုးရေးဟာ မရှိမဖြစ်လို အပ်သလိုနိုင်ငံမှာလည်း အရေးကြီးတဲ့
ကိစ္စဖြစ်ပါတယ်။ ဥပဒေ စိုးမိုးသလား ဥပဒေ အတိုင်း ဆုံဖြတ်နိုင်ရဲ့လား
ဆိုတာကိုတော စောင့်ကြည့်ရမယ်။ နောက် တစ်ခုက တရားရေး
မဏ္ဍိုင်ခိုင်မာ ဖို့ဆိုရင် တစ်ပါးထိုင်တရားရေးက သင့်တော်သေးရဲ့ လားဆိုတာကို
မေးခွန်းထုတ် စရာရှိလာပြီထင်တယ်”ဟု ၄င်းကပြောသည်။ တစ်နိုင်ငံလုံး
တရားဥပဒေစိုးမိုးရေးသည်ဒေသတွင်း
အလိုအပ်ဆုံးကိစ္စရပ်ဖြစ်ပြီးနိုင်ငံသားအားလုံးလည်း ဥပဒေကို
လေးစားလိုက်နာရန်လိုအပ် သလို လေ့လာမှတ်သားထားရန်လည်းလိုအပ်ကြောင်း
တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင် ကဆိုသည်။ “ အုပ်ချုပ်တဲ့လူတန်းစားနဲ့
တရားစွဲ အဖွဲ့ အစည်းတွေအားလုံးက ဥပဒေကိုလက် တစ်လုံးခြား မလုပ်ဖို့ လိုတယ်”ဟု
၎င်းကပြောသည်။
လက်တစ်လောကာလအတွင်းမီဒီယာများအား
အစိုးရ၀န်ကြီးဌာနများမှ တရားစွဲဆိုမှုပြုခြင်း တွင် အစိုးရ
ဝန်ကြီးဌာနများနှင့် မီဒီယာများအနေဖြင့် ဥပဒေကြောင်းရာများကို လေ့လာ
မှတ်သားထားနိုင်ဖို့လိုအပ်ကြောင်း ဥပဒေအတိုင်ပင်ခံတစ်ဦးကပြောသည်။
“တစ်ခုခုဆိုတာနဲ့ တရားစွဲမယ်ဆိုတာမျိုး၊ တစ်ခုခုဆိုတာနဲ့ရေးမယ်
ဆိုတာမျိုးကတော့ ကလေးကလား ဆန်လွန်း တယ်ထင်တယ်။ ဆိုတော့
မီဒီယာတွေအနေနဲ့ကလည်း ကိုယ်နဲ့သက်ဆိုင်တဲ့ ဥပဒေတွေ ကိုလေ့လာ ထားပြီး
ဘယ်လိုအကြောင်းကိုရေးသားရင်ဘာဖြစ်နိုင်တယ်ဆိုတာမျိုး၊ ဆိုင်ရာ
ဆိုင်ရာဌာနတာဝန် ရှိသူတွေ က လည်း ဘယ်လိုအကြောင်းမှ ပဲတရားစွဲဆိုလို့
ရနိုင်တယ်ဆို တာမျိုး လေ့လာထား သင့်တယ်လို့ထင်တယ်။ တစ်ခုခု ဆိုတာနဲ့
တရားစွဲမယ်၊ ဥပဒေကြောင်း အရ လုပ်ဆောင်သွားမယ် ဆိုတာမျိုးကြတော့ မတော်ရင်
ညောင်မြစ်တူးတာ ပုတ်သင်ဥပါပေါ် တယ်ဆိုတာမျိုးဖြစ်လာနိုင်တယ်” ဟု
၎င်းကဆိုသည်။ လက်ရှိဖြစ်ပွားနေသည့် မီဒီယာများနှင့် အစိုးရ၀န်ကြီးဌာနများ၏
အဖြစ်အပျက် များနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်လုံးသည် မှားယွင်းနိုင်
သည်များရှိနိုင်ပြီး ယင်း၏ဆုံးဖြတ်ချက် သည် ရင်ဆိုင်ရသည့် တရားရေး၊
တရားခွင်၏ ဖြောင့် မတ်မှန်ကန်စွာသုံးသပ်
ဆုံးဖြတ်နိုင်မှု အပေါ်တည်နေခြင်းကြောင့် တရားရုံးကသာ သမာသမတ် ကျစွာ
ဥပဒေနှင့်အညီဆုံးဖြတ်မည် ဆိုလျှင် နိုင်ငံတော်၏ မည်သည့်အဖွဲ့အစည်း
လူပုဂ္ဂိုလ် မဆို ပြည်သူအများ ကလေးစားလာ မည်ဖြစ်ကြောင်း အထက်တန်းရှေ့နေ
ဦးခင်မောင်ရှိန် ကပြောသည်။ “ ကျွန်တော်တို့ဆီမှာ
ဥပဒေအားနားလည်ပြီးအတွေ့အကြုံရှိတဲ့ သူတွေ အများကြီးလိုတယ်။ နောက်ပြီး
အစိုးရဌာနတွေ ၀န်ကြီးဌာနအဖွဲ့တွေကိုယ်တိုင်လည်း ဥပဒေ ကို
သေသေချာချာလေ့လာထားဖို့လိုအပ်တယ်။ မီဒီယာတွေကလည်း ဥပဒေကို လေ့လာ
ထားသင့်တယ်”ဟု ၄င်းကဆိုသည်။ မြန်မာနိုင်ငံ၏ကျင့်သုံးဆဲ
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင် မီဒီယာများနှင့်အဓိကသက်ဆိုင်သည့်
အသေရေဖျက်မှု ပြစ်မှု ၄၉၉ ၊ပြစ်ဒဏ် ၅၀၀သည် ပြစ်မှု ဆိုင်ရာ
ဥပဒေအဖြစ်သာရှိနေခြင်းထက် တရားမမှု ဖြစ်ရေးဆွဲ ပြဌာန်းနိုင်
လျှင်ပိုမိုကောင်း မွန်ကြောင်း မီဒီယာလုပ်ငန်း
လုပ်ကိုင်နေသူ အချို့ကပြောသည်။ သို့ရာတွင် ပြဌာန်းထား သည့်ဥပဒေတိုင်း၌
ကင်းလွတ်ခွင့်ဆိုသည့် အကြောင်း ချက်မှာ ရှိနေသဖြင့် ယင်း ကင်းလွတ်
ခွင့်ဆုံးဖြတ်မှုအပေါ် တရားရေး၏ မှန်ကန်စွာဆုံးဖြတ်မှုသည် အရေးပါကြောင်း တရား
လွှတ်တော် ရှေ့နေ ဦးမြင့်သွင်ကပြောသည်။ ယင်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဒေါက်တာမြတ်ဥာဏစိုးက“ ကျွန်တော်တို့ နိုင်ငံတရားစီရင်ရေး က
တစ်ပါးထိုင် စီရင်ရေးဆိုတော့ တရားရေးမဏ္ဍိုင်
မတိမ်းစောင်းအောင်ထိန်းချုပ်နိုင်ပါ့ မလားဆိုတာ က
မေးခွန်းထုတ်စရာဖြစ်လာပြီ။ ”ဟု ဆိုသည်။ ယင်းအတွက် အဆိုပါတရားစွဲဆိုမှုများ၏
တရားခွင်မတက်မီ အမှုကြားနာသည့်အဆင့်တွင် တရားရုံး နှင့် တရားသူကြီး၏
မှန်မှန် ကန် ကန်ဆုံးဖြတ်မှုသည် စောင့်ကြည့်ရမည့်ကိစ္စဖြစ်လာကြောင်း
ရှေ့နေကိုသန်း ဇော်အောင်ကပြော သည်။ စတုထ္တမဏ္ဍိုင်၏ပင်မတာဝန်ဖြစ်သည့် မဏ္ဍိုင်
သုံးရပ်အား စောင့်ကြည့်ရန်နှင့် ယင်းတို့၏ အကျင့် ပျက် ခြစားမှုများ၊
တာဝန်ပျက်ကွက်မှုများနှင့် ဥပဒေမဲ့ပြုမူမှုများကို ဖော်ထုတ်ရေး သားရန်
တာဝန်ထမ်းဆောင်မှုကို အစိုးရ၀န်ကြီးဌာနများနှင့် ဌာနဆိုင်ရာများအနေဖြင့်
တရားစွဲ ဆိုလျှင် ဒီမိုကရေစီနိင်ငံ တစ်နိုင်ငံ၏မှတ်ကျောက်
ဖြစ်သောသတင်းစာများ၏ ဖွံ့ဖြိုးတိုးတက် မှုအား ထိခိုက်စေသကဲ့သို့
သမ္မတဦးသိန်းစိန်း အစိုးရ၏ ဒီမိုကရေစီ ခြေလှမ်းများကို အဟန့်
အတားဖြစ်စေနိုင်ကြောင်း၎င်းကပြောသည်။