Saturday, March 24, 2012

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အရေးပေါ်ညီလာခံ


မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အရေးပေါ်ညီလာခံတွင် အဖွဲ့ အစည်းအသီးသီးမှ ပုဂ္ဂိုလ်
များနှင့် စာနယ်ဇင်းလောကတွင် နံမည်ကြီးသော ၀ါရင့်ပညာရှင်များလည်း ဖိတ်ခေါ်ရမည်ဖြစ်ပြီး
 ခွဲခြားမှုမရှိစေရ လွတ်လပ်စွာ ဆွေးနွေးပိုင်ခွင့်ရှိစေရမည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပဋိညာဉ်ဆိုင်ရာ ပြဌာန်းချက်အချို့မှာ ''ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပါက ပြည်ထောင်စုမြန်မာနိုင်တော်အစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ ချုပ်ဆို အတည်ဖြစ်ခဲ့သော စာချုပ်များအရ သော်လည်းကောင်းသဘောတူညီချက်များအရ သော်လည်း
ကောင်း ပေါ်ထွက်လာသော တရားမျှတသည့် တာဝန်များကို အဆိုပါအခြားနိုင်ငံကလည်း  ပြည်ထောင်စုမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထားရှိအပ်သော ပဋိညာဉ်များကို လေးစားပါက
 ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကလည်း လေးစားမည်'' ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ
 ၄၅၆ တွင် ပြဌာန်းထားပါသည်။
စာပေဆိုသည်မှာ လွတ်လပ်ရမည်  ကျင့်ဝတ်ရှိရမည် မှန်ကန်သည့် အချက်အလက်များဖြစ်ရမည် 
မည်သူတဦးတယောက်၏ သြဇာသက်ရောက်မှု မရှိစေရ။လွတ်လပ်စွာ ရေးသားနိုင်ရမည်။တည်းဖြတ်
ဖြတ်တောက်ခြင်း မရှိစေရ။ထိုနည်းတူစွာ သတင်းလွတ်လပ်ခွင့်လည်းရှိစေရမည်။ ယင်းကျင့်ဝတ်သည်
  ပြည်သူ့အကျိုးကို ရှေးရှုသည့် ကျင့်ဝတ်သာ ဖြစ်ရမည်။ နိုင်ငံတော်မူဝါဒ၏ အကျိုးမဖြစ်သင့်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်မူဝါဒသည် ပြည်သူ့အကျိုးကို ဆန့်ကျင်နိုင်သကဲ့သို့ မှားလည်း မှားယွင်းနိုင်သောကြောင့် ဖြစ်သည်။ တနည်းပြောရလျှင် အုပ်ချုပ်သူ လူတန်းစားက သူ့ကိုယ်သူ   နိုင်ငံတော်ဟု ထင်မြင်တတ်သည် မဟုတ်လား။ သူ့အကျိုးစီးပွား ကာကွယ်ချက်ကို နိုင်ငံတော် 
 မူဝါဒအဖြစ် ဖန်တီးချင်ဖန်တီးမည်။

စာပေလွတ်လပ်ခွင့်ဖြစ်စေ၊ နိုင်ငံရေးလွတ်လပ်ခွင့်ဖြစ်စေ၊ ဘာသာရေးလွတ်လပ်ခွင့်ဖြစ်စေ ၊သတင်း
လွတ်လပ်ခွင့်ဖြစ်စေ လွတ်လပ်ခွင့် အကြောင်းကို ဖွင့်ဆိုသူသည်လွတ်လပ်ခွင့်ကိုပိတ်ပင်ကန့်သတ်
နေသူများ မဖြစ်သင့်ပါ။ လက်ရှိအစိုးရသည် အုပ်ချုပ်သူလူတန်းစားများ၏ လဒ်စားမှုနှင့်အာဏာအ
လွဲသုံးသားလုပ်မှုများ ရေးသားဖေါ်ပြလျှင် ဟန့် တား ခြိမ်းခြောက်မှုများ ပြုလုပ်လျှက်ရှိသည်။
အစိုးရ၏ ဥပဒေနှင့်မညီသော လုပ်ရပ်များကို ပြည်သူများနှင့် စာပေ သတင်းမီဒီယာများမှ အမှန်
တရားကို ထုတ်ဖေါ်တင်ပြနိုင်ခွင့်ရှိစေရမည်။အစိုးရ၏ မတရားလုပ်မှုများကို ပြည်သူက ဖေါ်ထုတ်ကာ
ထိမ်းကြောင်း တည့်မတ်ပေးရမည်။ ဤသည်ကား ဒီမိုကရေစီစနစ်၏ လွတ်လပ်မှုဖြစ်ပေသည်။
အစိုးရမှ ပြည်သူ၏အသံကိုလက်မခံ လွတ်လပ်စွာရေးသားခွင့် သတင်းဖေါ်ပြခွင့်မရှိဘဲ မိမိတို့ 
အသိုင်းအ၀န်းအတွင်းသာ ပါးစပ်ပြောလွတ်လပ်၍ မရပါ။ နိုင်ငံတကာစံနှုန်းများနှင့်အညီ အထက်
ဖေါ်ပြပါ မြန်မာနိုင်ငံ ကျင့်ထုံးဥပဒေများသည် ဒီမိုကရေစီစံနှုန်းနှင့်အညီ လွတ်လပ်မှုရှိစေရမည်။